လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"ဒုစရိုက်တောင်ကြား" ကို ကြီးစိုးထားတဲ့ သခင်ကြီး "ဆားပုအုပ်" ရဲ့ လူသတ်သမား ကိုးယောက်ဟာ သူတို့ရဲ့ ကိုယ်ပိုင်သိုင်းပညာနဲ့ ပြန်လည်အသတ်ခံခဲ့ရပြီးနောက် ဆက်တိုက်ဆိုသလိုပဲ သခင်ကြီး "ဆားပုအုပ်" အတွက် ကံဆိုးမှုတွေ ကျရောက်လာပါတယ်။
အကြောင်းကတော့ သူ့ရဲ့ ကိုယ်ရံတော် "ရှိထိကျင်း" ဟာ ရုပ်ဖျက် ဟန်ဆောင်ထားတဲ့ စုချွမ်နယ်၊ ထန်ကျားကျေးရွာက ဆဌမမင်းသားလေး "ထန်ကြမ်း" ဖြစ်နေတဲ့အပြင် "ထန်ကြမ်း" ရဲ့ မိတ်ဆွေဖြစ်သူ ကြေးစားလူသတ်သမား "စီးမာရှဲ"၊ ဦးခေါင်းသူခိုး "ဝေခုန်းခုန်း"၊ ဟန်ကျိုးနယ်၊ ထန်ကျားကျေးရွာ သခင်ကြီး "ထန်အဖိုးအို"၊ ထန်အဖိုးအို ရဲ့သား "ထန်ကျိုချွမ်"၊ "ထန်ကျိုချွမ်" ရဲ့ မိတ်ဆွေ "လုံဆင်ပိ" တို "ဒုစရိုက်တောင်ကြား" ကို တသီတတန်း ရောက်ရှိလာခဲ့ကြလို့ ဖြစ်ပါတယ်။
တကယ်တော့ စုချွမ်နယ်၊ ထန်ကျားကျေးရွာမှာ ဂိုဏ်းတွင်းရေး အရှုပ်တော်ပုံများစွာ ဖြစ်ပေါ်နေခဲ့ပြီး ထန်ဂိုဏ်းသားတစ်ဦးဖြစ်သူ "ထန်တိ" က "ဒုစရိုက်ဂိုဏ်း" ကို ထူထောင်ကာ သိုင်းလောကမှာ စိုးမိုးချယ်လှယ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ပိုက်ကြည့်မနေနိုင်တော့တဲ့ ဟန်ကျိုးနယ်၊ ထန်ကျားကျေးရွာ က "ထန်အဖိုးအို" အပါအဝင် စုချွမ်နယ်၊ ထန်ကျားကျေးရွာ ဆဌမမင်းသားလေး "ထန်ကြမ်း" နဲ့ မိတ်ဆွေအပေါင်းအသင်းတစ်စုက "ဒုစရိုက်ဂိုဏ်း" ရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ "ဆားပုအုပ်" ကို လာရောက်နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့လူစု "ဆားပုအုပ်" ကို နှိမ်နင်းနေစဥ်မှာ ဒုစရိုက်ဂိုဏ်းချုပ် "ထန်တိ" က ဟန်ကျိုးနယ်၊ ထန်ကျားကျေးရွာကို တိုက်ခိုက်မယ့်သတင်း ထွက်ပေါ်လာတာကြောင့် "ထန်အဖိုးအို" တို့ လူစုဟာ ဟန်ကျိုးနယ်ကို အမြန်ပြန်ခဲ့ကြရပြီး ... ။
("မိုးကျော်သူ"ရဲ့ "ကြောင်"၊ ၂ အုပ်တွဲသိုင်းစာစဥ်ဟာ "ဆရာခွန်" ရဲ့ "လုံဆင်ပိနှင့် ထန်ဂိုဏ်းအရှုပ်တော်ပုံ"၊ လုံးချင်း သိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ "ကြောင်" ကို ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "လုံဆင်ပိနှင့် ထန်ဂိုဏ်းအရှုပ်တော်ပုံ" ကတော့ ၂၀၂၃ ခုနှစ်မှာ ရေးသားခဲ့ပါတယ်)
📚၂ အုပ်တွဲ