မိုးသည်းထန်နေတဲ့ ညတစ်ညမှာ "ကံ့ကော်သိုင်းသမား ရှောင်ချမ်းမင်း" ဟာ "တစ္ဆေအရိပ် ချမ်းမိုးမွန်" ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး တစ်နှစ်သားအရွယ် "ရှောင်ဖုံး" ဟာ မိခင်ဖြစ်သူ "ယုန်လေး" နဲ့အတူ ဆင်းရဲပင်ပန်းစွာ ကျန်ရစ်ခဲ့ရပါတယ်။
"ယုန်လေး" ဟာ "တစ္ဆေအရိပ်" ကို လက်စားချေနိုင်မယ့် ထိပ်တန်းသိုင်းပညာရဖို့အတွက် "ထိုက်ကျုံးဂိုဏ်း"၊ "ဝူတန်ဂိုဏ်း"နဲ့ "ခွန်လွန်ဂိုဏ်း" တို့က သိုင်းကျမ်းတွေ ခိုးယူပေမယ့် မအောင်မြင်ခဲ့ဘဲ အသက်ပါပေးလိုက်ရပြီးတဲ့နောက်မှာ "ရှောင်ဖုံး" ဟာ ... ။
("တက္ကသိုလ်ဘုန်းကြွယ်" ရဲ့ "သိုင်းပိုးပဝါ"၊ ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "သွေးနဂါးနှင့် နှစ်တရာက ပန်းကန်ကွဲ"၊ ၃ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်လမ်းဇာတ်ကွက် အနည်းငယ်ကလွဲပြီး အားလုံး အတူတူပဲ ဖြစ်ပါတယ်။ "သွေးနဂါးနှင့် နှစ်တရာက ပန်းကန်ကွဲ" ကို ၁၉၈၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "သိုင်းပိုးပဝါ" ကိုတော့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚 ၂ အုပ်တွဲ