တရုတ်ပြည်မှာ "မင်မင်းဆက်" ဖြုတ်ချခံရပြီး ကျူးကျော်သူ "မန်ချင်ခန်ရှီး" ဘုရင် အုပ်စိုးနေချိန်မှာ နန်းကျဘုရင်ရဲ့ မြေးတော် "ကြူကြည်" ဦးဆောင်တဲ့ "မင်မင်းဆက်" သစ္စာခံတွေဟာ ဆုံးရှုံးသွားတဲ့ ထီးနန်းကို ပြန်ရဖို့ တိတ်တဆိတ် အင်အားစုဆောင်းရင်း အခွင့်ကောင်းကို စောင့်နေကြပါတယ်။
"မန်ချင်ခန်ရှီး" ဘုရင်ရဲ့ "အရှေ့နန်းမိဖုရား" က သမီးတော်တစ်ပါး မွေးဖွားလာချိန်မှာ တိုက်ဆိုင်စွာနဲ့ "ကြူကြည်" ရဲ့ မိဖုရားနှစ်ပါးကလည်း သားတော်တစ်ပါးစီ ဖွားမြင်ခဲ့တာကြောင့် "မင်မင်းဆက်" သစ္စာခံ "သူခိုးကြီး ယဲဟိန်" က "ကြူကြည်" ရဲ့ "သားတော်အကြီး"ကို "မင်းသမီး"နဲ့ လဲလှယ်လိုက်ပြီး "သားတော်အငယ်" ကိုတော့ "မန်ချင်ခန်ရှီးဘုရင်" ကိုသစ္စာခံသူ "အမတ်ကြီး ရုံကွေး" ရဲ့ ခြံဝန်းထဲမှာ စွန့်ပစ်ထားလိုက်ပြီးနောက် သားတော်တွေ အရွယ်ရောက်လာကြတဲ့အခါမှာတော့ ... ။
📚 ၇ အုပ်တွဲ