မန်ချူးတွေကို တိုက်ထုတ်နေတဲ့ "ထန်လိဂိုဏ်း" ရဲ့ ဂိုဏ်းခွဲမှူး "လီဝန်ချင်" ကို မန်ချူးသစ္စာခံ သိုင်းသမား ၄ ဦးက လိုက်လံသတ်ဖြတ်နေစဥ် မြို့စိမ်းဂိုဏ်းသား "ရှောင်ကျစ်ယွမ်" နဲ့ စာပေသမား "ရဲ့လိမ်ဖုန်း" တို့က ဝင်ရောက်ကူညီခဲ့ကြတာကြောင့် "လီဝန်ချင်" သေဆုံးသွားပေမယ့် သားဖြစ်သူ ကလေးငယ် "လီကွမ်းရှု" ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။
"လီဝန်ချင်" ရဲ့ နောက်ဆုံးဆန္ဒအတိုင်း "ရှောင်ကျစ်ယွမ်" နဲ့ "ရဲ့လိမ်ဖုန်း" တို့က "လီကွမ်းရှု" ကို လူစွမ်းကောင်း "ကျန်းဟိုင်ထန်း" ထံ တပည့်အဖြစ် ပို့ဆောင်ပညာသင်ကြားပေးဖို့ ထွက်လာခဲ့ကြပေမယ့် လမ်းခရီးမှာ အဒေါ်ဖြစ်သူ လက်တစ်ထောင်မယ်တော် "ချီဆင်အင်း" က လုယူသွားခဲ့တာကြောင့် "ကျန်းဟိုင်ထန်" ဟာ ဖခင်ဖြစ်သူ "ကျန်းနန်"၊ သမီးဖြစ်သူ "ကျန်းရှောင်ဟူ" တို့နဲ့အတူ "လီကွမ်းရှု" ကို လိုက်ရှာခဲ့ကြပါတယ်။
ကလေးငယ် "လီကွမ်းရှု" ဟာ ထန်လိဂိုဏ်းချုပ်ကြီး "လင်ချိန်း" ကို ခြေရာခံဖမ်းဆီးနိုင်တဲ့ သဲလွန်စ ဖြစ်တာကြောင့် "လုကဲ့ချီ" ဦးဆောင်တဲ့ မန်ချူးသစ္စာခံတွေကလည်း "လီကွမ်းရှု" ကို "ချီဆင်အင်း" ထံက ကြားဖြတ်ဖမ်းဆီးပြီး "ထန်လိ" ဂိုဏ်းခွဲမှူးတစ်ဦးဖြစ်တဲ့ "ချန်းပိုင်ရဲ့" ကို အကျပ်ကိုင်ကာ "ထန်လိဂိုဏ်း" ကို ဖော်ထုတ်ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီအချိန်မှာ "လီကွမ်းရှု" ကို လိုက်ရှာနေတဲ့ လူစွမ်းကောင်း "ကျန်းဟိုင်ထန်း" ရဲ့ သမီးဖြစ်သူ "ကျန်းရှောင်ဟူ" ဟာ လက်တစ်ထောင်မယ်တော် "ချီဆင်အင်း" တို့အဖွဲကို စတင်ခြေရာခံမိပေမယ့် တိုက်ပွဲမှာ ရှုံးနိမ့် ဒဏ်ရာရနေစဥ် မျိုးချစ်သိုင်းသမား "ယီဝန်ရှု" က ဝင်ရောက်ကယ်တင်ပေးခဲ့တာကြောင့် အသက်ချမ်းသာရခဲ့ပြီး သူတိုနှစ်ဦးလည်း သံယောဇဉ် ငြိတွယ်ခဲ့ကြပါတယ်။
တဖက်မှာလည်း စာပေသမား "ရဲ့လိမ်ဖုန်း" ဟာ မန်ချူးသစ္စာခံမြိုစားတစ်ဦးဖြစ်သူ စစ်ဦးစီးချုပ် "ရဲ့ဆောက်ချီ" ရဲ့သား ဖြစ်ပေမယ့် သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို လျှို့ဝှက်ထားသလို လူစွမ်းကောင်း "ကျန်းဟိုင်ထန်း" ရဲ့ ဇနီး၊ မန်းစန်းဂိုဏ်းချုပ် "ကုကျိုးလန်" ရဲ့ တူအဖြစ် ဟန်ဆောင်ရင်း မန်ချူးတော်လှန်ရေး သမားအင်အားစုတွေအထဲ စိမ့်ဝင်လှုပ်ရှားနေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ရဲ့လိမ်ဖုန်း"၊ "ယီဝန်ရှု" နဲ့ "လီကွမ်းရှု" တို့ဟာ လူစွမ်းကောင်း "ကျန်းဟိုင်ထန်း" ရဲ့ တပည့်တွေ ဖြစ်လာကြသလို မန်ချူး တန်ပြန် ထောက်လှမ်းရေးသမား "ရဲ့လိမ်ဖုန်း" ရဲ့ လုပ်ဆောင်မှုတွေကြောင့် မျိုးချစ်တော်လှန်ရေးသမားတွေကြား ခလောက်ဆန် ခဲ့ရပေမယ့် "ထန်လိဂိုဏ်း" က မန်ချူးနန်းတွင်းစာတိုက်ကို ဖောက်ထွင်းပြီး ယူဆောင်သွားတဲ့ စာတွေအထဲ "ရဲ့လိမ်ဖုန်း" ရဲ့ ဇာတ်ကြောင်းရာဇဝင် ပါဝင်သွားတဲ့အခါ ... ။
📚 ၁၀ အုပ်တွဲ