နန်းတွင်းပညာရှိ "လုစင်းရန်" တာဝန်ယူပြီး နန်းတွင်းကို ပိုဆောင်နေတဲ့ "အရိပ်အယောင်သိုင်းကျမ်း" ကို သက်ခြွေမယ် "ဟုန်လွေကျန်း" က ခိုးယူသွားခဲ့ပေမယ့် နှစ်ပေါင်း ၂၀ လောက်ကြာမြင့်ချိန် "လုစင်းရန်" ကွယ်လွန်သွားချိန်အထိ ခိုးယူသွားသူကို သဲလွန်စ ရှာမရခဲ့တာကြောင့် "လုစင်းရန်" ရဲ့ မြေးဖြစ်သူ သစ္စာဓား "လုရှောင်ယုံ" က တရားခံကို ဆက်လက်စုံစမ်း ရှာဖွေနေခဲ့ပါတယ်။
"ကြူးဂေဟာ" ပိုင်ရှင် သံပုဆိန် "ကြူးထိုက်စန်း" ရဲ့သမီးဖြစ်သူ မိုးနတ်မယ် "ကြူးရှင်း" ဟာ ရုပ်ရည်ချောမောပြီး သိုင်းပညာအလွန်ထူးချွန်သူဖြစ်ပေမယ့် ဆရာဖြစ်သူ သက်ခြွေမယ် "ဟုန်လွေကျန်း" ရဲ့ အတိတ်ဇာတ်ကြောင်းကို မသိရှိခဲ့သလို သူသင်ကြားထားတဲ့ သိုင်းပညာရပ်တွေဟာလည်း "အရိပ် အယောင်သိုင်းကျမ်း" ထဲက ပညာရပ်တွေဖြစ်မှန်း မသိခဲ့ပါဘူး။
တစ်ရက်မှာတော့ "ကြူးရှင်း" တစ်ယောက် သိုင်းလောကထဲ လှည့်လည်သွားလာရင်း "ရွှေကျားဂေဟာ" ပိုင်ရှင် "မုကျားနန်"၊ သား "မုကျင်စင်း" တို့နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ရာက "ရွှေကျားဂေဟာ" မှာ ဖမ်းဆီးခံခဲ့ရတဲ့အတွက် "လုရှောင်ယုံ" က ကူညီပေးရင်း သူတို့နှစ်ဦး သံယောဇဥ်ငြိတွယ် ခဲ့ကြပါတယ်။
အဲဒီနောက် "လုရှောင်ယုံ" ရဲ့ ပြောကြားချက်တွေအရ "အရိပ်အယောင်သိုင်းကျမ်း" ရဲ့ ရာဇဝင်ကို သိရှိလာခဲ့ရပြီးနောက် "ကြူးရှင်း" တစ်ယောက် မွေးစားမိခင်လည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ "ဟုန်လွေကျန်း" နဲ့ ချစ်ရသူ "လုရှောင်ယုံ" တို့အကြား ဗျာများလာရတဲ့အခါ ... ။
📚 ၂ အုပ်တွဲ