သိုင်းပညာ ထူးချွန်သလို စွန့်စားရတာကိုမှ ဝါသနာပါသူ နာမည်ကျော် ဇာတ်ကောင် ပိုးဟပ်ဖြူ "ချူလျှူရှမ်း" ပါဝင်တဲ့ သိုင်းဇာတ်လမ်း ဖြစ်ပါတယ်။
"ရေအောက်နန်းတော်" ဟာ သိုင်းလောကရဲ့ ထူးခြားတဲ့နေရာတစ်ခုဖြစ်ပြီး ဘယ်နေရာမှာ တည်ရှိတယ်ဆိုတာ ဘယ်သူမှ မသိကြပေမယ့် "ရေအောက်နန်းတော်သခင်မ" ဟာ သိုင်းပညာ အလွန်ထူးချွန်တဲ့အပြင် ယောက်ကျားတွေကို မုန်းတီးနေသူအဖြစ် နာမည်ကြီးပါတယ်။
အဲဒီအချိန်မှာ တရားဟောဆရာ "ဝူးဝါး" ဟာ ရေအောက်နန်းတော်က "နတ်ဆေးရည်" ကို လိုချင်တဲ့အတွက် "ရေအောက်နန်းတော်သခင်မ" ရဲ့ လူယုံ မိန်းကလေးတစ်ဦးဖြစ်သူ "စုတုကျင်း" ကို အယုံသွင်းပြီး ရယူခဲ့တာကြောင့် အရှက်ရသွားတဲ့ "စုတုကျင်း" လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။
တချိန်တည်းမှာပဲ နေပြည်တော်ကို ပို့ဆောင်မယ့် ဘဏ္ဍာတော်တွေကို "မိုးစွေငှက်" အမည်ရှိ လူတစ်ဦးက ကြားဖြတ်လုယက်သွားတာကြောင့် ထောက်လှမ်းရေးမှူးချုပ် သိမ်းငှက် "လောက်ချစ်" က "ချူလျှူရှမ်း" ကို ခေါ်ယူပြီး "မိုးစွေငှက်" ကို ဖော်ထုတ်ပေးဖို တာဝန်ပေးခဲ့ပါတယ်။
အဲဒါကြောင့် ပိုးဟပ်ဖြူ "ချူလျှူရှမ်း"၊ အရက်အိုး "ဝူးထိဝါး"၊ ကယ်ပါသိုင်းသမား "တုဟုန်"၊ အဝါရောင်သိုင်းသမား "လုဝါး" တို့လူစုဟာ "မိုးစွေငှက်" အဖြစ် သံသယရှိတဲ့ "ရေအောက်နန်းတော်သခင်မ" ကို ခြေရာခံရှာဖွေရင်း "မိန်းမလျာသိုင်းသမား"၊ "ရေအောက်နန်းတော်သခင်မ"၊ "ကုန်းနန်းယဥ်"၊ "စုတုကျင်း"၊ တရားဟောဆရာ "ဝူးဝါး" တို့ရဲ့ မေတ္တာရေး အရှုပ်အထွေးတွေကို သိလာရပြီးနောက် ... ။
📚 ၂ အုပ်တွဲ