လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"လုရှောင်ဖုန့်" ဟာ "ဝါစန်းမြိုစားကြီး" ရဲ့သမီး သခင်မလေး "သန်းဖုံး" ရဲ့ အကူအညီတောင်းချက်အရ "ဝါစန်းမြိုစားကြီး" ကို သစ္စာဖောက်ပြီး ဘိန်းလုပ်ငန်းလုပ်ကိုင်နေတဲ့ လူယုံတော် ၃ ယောက်ဖြစ်တဲ့ "စန်ကွမ်းမု"၊ "ပင်တုကူး" နဲ့ "ရစ်ပွန်" တို့ကို ရှာဖွေဖမ်းဆီးဖို့ တာဝန်ယူခဲ့ပါတယ်။
ထုံးစံအတိုင်း "လုရှောင်ဖုန့်" ဟာ သူ့ရဲ့ မိတ်ဆွေရောင်းရင်းတွေဖြစ်ကြတဲ့ မျက်မမြင် "မန်းလူ"၊ ဓါးသမား "စီမင်းချွေစွေ့"၊ သူဌေးလေး "ကျူးစိန်"၊ စောရ "ကြယ်တံခွန်" တို့ရဲ့အကူအညီနဲ့ သူဌေးကြီး "ညာဏ်ထိစန်း" အမည်ခံထားတဲ့ "ရစ်ပွန်"၊ ဝူလင်ဂိုဏ်းချုပ် "တုကုအိ" အမည်ခံထားတဲ့ "ပင်တုကူး" တို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပေမယ့် ဦးဆောင်သူ "စန်ကွမ်းမု" နဲ့ ဌာနချုပ်တည်ရှိရာ "အစိမ်းရောင်ဂေဟာ" ကိုတော့ ဘယ်လိုမှ ရှာမတွေ့ခဲ့ပါဘူး။
နောက်ဆုံးမှာ သခင်မလေး "သန်းဖုံး" အားထားရတဲ့ သိုင်းအကျော်အမော်တွေဖြစ်ကြတဲ့ "လျှူဟုန်"၊ "ချူးယိ" နဲ့ "တုကုဖန်" တို့ရဲ့ အသက်ကိုရင်းပြီး ဘိန်းထုတ်လုပ် ဖြန့်ချိရာ "အစိမ်းရောင်ဂေဟာ" နဲ့ ဦးဆောင်သူ "စန်ကွမ်းမု" ကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် မထင်မှတ်ထားသူ ဖြစ်နေတဲ့အခါ ... ။
📚 လုံးချင်း