အခက်ခဲဆုံး ပြသနာတွေကို ဖော်ထုတ်ဖြေရှင်းလေ့ရှိတဲ့ နာမည်ကျော် ဇာတ်ကောင် "ဆင့်ဆင့်အိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"ချယ်ရီနီဂိုဏ်း" ဟာ အလွန်လျှို့ဝှက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သိုင်းလောကရဲ့ အဖိုးတန်ရှားပါးပစ္စည်းမျိုးစုံကို ကြိုတင်သတိပေးပြီးမှ အောင်အောင်မြင်မြင်ခိုးယူသွားလေ့ရှိတာကြောင့် "ချယ်ရီနီဂိုဏ်း" ကို ဖော်ထုတ်နှိမ်နင်းဖို့ အာဏာသား "သိမ်းငှက်လောက်ချစ်" ဟာ "ဆင့်ဆင့်အိ" ကို ခေါ်ယူတာဝန်ပေးခဲ့ပါတယ်။
"ချယ်ရီနီဂိုဏ်း" ရဲ့ နောက်ထပ်ခိုးယူမယ့် ပစ်မှတ်အဖြစ် သိုင်းလောက အလှမယ် "ပိုင်ပင်း" ကို ကြိုတင်သတိပေးထားတာကြောင့် "ဆင့်ဆင့်အိ"၊ "ပိုင်ပင်း" ရဲ့ ဖခင် "ပိုင်လိုရိ"၊ တာလိမြို့စားရဲ့ ကိုယ်ရံတော် "ဖုံလုစုံ" တို့ဟာ "ပိုင်ပင်း" ကို အနီးကပ်စောင့်ရှောက်ရင်း "ချယ်ရီနီဂိုဏ်း" ကို အမိဖမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။
တဖက်မှာလည်း "ချယ်ရီနီဂိုဏ်း" ရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ပျော်စရာသစ်တောကျေးရွာ သခင်မ "မုရုံကုဖန်" ဟာ "တာလိမြိုစား" ရဲ့လက်က ထွက်ပြေးနေရတဲ့ ကြေးစားဓါးသမား "တုကုရင်း" ကို စည်းရုံးပြီး သိုင်းလောက အလှမယ် "ပိုင်ပင်း" ကို ခိုးယူဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလိုနဲ့ ခိုးယူဖို့ ကြိုးစားသူတွေနဲ့ ကာကွယ်ဖို့ ကြိုးစားကြသူတွေကြား ရုပ်ဖျက်ပညာကို ကိုယ်စီအသုံးပြုရင်း အပြန်အလှန် ဉာဏ်ကစားကြတဲ့အခါ ... ။
📚 ၂ အုပ်တွဲ