"ရောင်စုံတြိဂံအလံ" ဂိုဏ်းချုပ် "မာထင်း" ဟာ တပည့်တချို့ရဲ့ အဆိပ်ခတ်မှုကြောင့် အတွင်းအားလျော့နည်းကာ ရန်သူတော် "ဝိညာဥ်ဖြူ" နဲ့ ယှဥ်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်။
ဒီအခါမှာ "မာထင်း" ဟာ သစ္စာဖောက်တပည့်တွေကို ဖော်ထုတ်ဖို့နဲ့ သားဖြစ်သူ စာပေသမား "စုမာကျင်း" ကို "ကြေးပြား"တစ်ပြားနဲ့အတူ "တိမ်ဝါတောင်" ကို တိမ်းရှောင်ခိုင်းဖို့ သူအယုံကြည်ရဆုံး တပည့်ဖြစ်တဲ့ "ထန်ကွမ်း" ကို "ရောင်စဥ်ခုနစ်ဖြာသိုင်းကျမ်း" ပေးအပ်ရင်း အသက်မဆုံးပါးမီ မှာကြားသွားခဲ့ပါတယ်။
ဒါကြောင့် "ထန်ကွမ်း" လည်း မှာကြားချက်အတိုင်း "စုမာကျင်း" ထံ အမြန်သွားရောက်ခဲ့ပေမယ့် လိုက်လံလုပ်ကြံတဲ့ ရန်သူတွေကို မတားဆီးနိုင်ခဲ့ဘဲ စာပေသမား "စုမာကျင်း" ရဲ့ သားဖြစ်သူ "မာရှောင်" ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။
ရိုးသားလှတဲ့ "ထန်ကွမ်း" ဟာ ဂိုဏ်းချုပ် "မာထင်း" ရဲ့ တပည့် ၇ ဦးထဲမှာ ဘယ်သူက သစ္စာဖောက်တွေဆိုတာ မဖော်ထုတ်နိုင်ခဲ့ပေမယ့် "မာရှောင်" ကိုတော့ "တိမ်ဝါတောင်" ကို ရောက်အောင် ပိုဆောင်ပေးနိုင်ခဲ့ပြီး "တိမ်ဝါတောင်" က "ကြေးပြားဂိုဏ်းချုပ်" ရဲ့ တပည့်တွေဖြစ်တဲ့ "ဒုက္ခိတအဖိုးအို"၊ "ဆေးတံရှည်အဖိုးအို"နဲ့ "လူဝကြီး" တိုထံက သိုင်းပညာတွေ သင်ယူစေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သိုင်းစွမ်းထက်လာတဲ့ "မာရှောင်" ဟာ အဖိုးကိုသတ်တဲ့ သစ္စာဖောက်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့အပြင် "ကြေးပြား" ရဲ့ လျှို့ဝှက်ချက်နဲ့ သိုင်းလောကကို စိုးမိုးဖို့ကြံရွယ်နေတဲ့ "ဝိညာဥ်ဖြူ" ကိုပါ ဖော်ထုတ်နိုင်တဲ့အခါ ... ။
📚 ၄ အုပ်တွဲ