"ဧကရာဇ်ရဲတိုက်" ပိုင်ရှင် "ချန်းကုမု" ဟာ နှစ်စဥ် သူ့ရဲ့မွေးနေ့ရောက်တိုင်းမှာ လာရောက်အကူအညီတောင်းကြသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလေ့ရှိတာကြောင့် အဖြူရောင်သိုင်းသမားစစ်စစ် မဟုတ်ပေမယ့် လူတချိုရဲ့ လေးစားမှုကို ရရှိထားသူတစ်ဦးဖြစ်ပြီး ဒုစရိုက်သမားတစ်ယောက်ဖြစ်တဲ့ "စုလုထင်း" က ဘိန်းကုန်ကူးဖို လာရောက်ညှိနှိင်းတာကို လက်မခံခဲ့ရာက အဆိပ်ခတ် လုပ်ကြံခြင်း ခံခဲ့ရပါတယ်။
"ချန်းကုမု" ရဲ့ သားကြီး "ချန်းပေါက်" နဲ့ သားလတ် "ချန်းလီ" တိုဟာ ဖခင်ရဲ့ ရန်ကြွေးအတွက် "စုလုထင်း" နဲ့ သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ "ကျားဝါဂိုဏ်း" နဲ့ "သိမ်းငှက်ဂိုဏ်း" တိုကို လက်တုံပြန်ခဲ့ကြတဲ့အတွက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီး "စုလုထင်း" လက်ချက်နဲ့ "ချန်းပေါက်" သေဆုံးသွားတဲ့အခါမှာတော့ "ချန်းလီ" က "စုလုထင်း" နဲ့ မိတ်ဆွေဖွဲကာ ဘိန်းကုန်ကူးမှုမှာ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။
"ချန်းကုမု" ရဲ့ အငယ်ဆုံးသား စာပေသမား "ချန်းလေး" ဟာ "ဧကရာဇ်ရဲတိုက်" ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်နိုင်ဖို ကြိုးစားခဲ့ပြီး ဖခင်ရဲ့ လူယုံဟောင်း "ယီယန်" နဲ့ မိတ်ဆွေသိုင်းသမား "ရီဖေး" တိုရဲ့အကူအညီနဲ့ "စုလုထင်း" ကို ရှင်းပစ်ဖို ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ သိုင်းပညာသင်ဖို ရသေ့ကြီး "စွေ" ဆီ အသက်လု ထွက်ပြေးခဲ့ရပြီးနောက် ... ။
📚 ၂ အုပ်တွဲ