"မိုးမြေဂေဟာ" က သခင်လေး "ယင်ကျင်း" ဟာ သူ ရဲ့ ပထမဆုံးသော သိုင်းလောက အလည်အပတ်ခရီးစဥ်မှာပဲ လူတွေရဲ့ မကောင်းမြင်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် သူတို့ "မိုးမြေဂေဟာ" ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပထမဆုံးအကြိမ် သံသယဝင်လာခဲ့ပါတယ်။
"မိုးမြေဂေဟာ" ဟာ တစုံတယောက်ရဲ့ အကွက်ချကြံစည်မှုကြောင့် "သစ္စာသိုင်းအဖွဲ" နဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း ဖခင်လက်ထက်ကတည်းက မကောင်းသတင်း ပျံ့နှံ့နေခဲ့ရတာကို "ယင်ကျင်း" စုံစမ်းသိရှိလာရတဲ့အပြင် အဲဒီလူဟာ သိုင်းလောကကြီး ပျက်စီးစေဖို့ နောက်ကွယ်က ကြိုးကိုင်နေတာကိုပါ ဖော်ထုတ်လာနိုင်တဲ့အခါ ... ။
( "တက္ကသိုလ်သီဟအောင်" ရဲ့ "အမုန်းမိုးစွေသိုင်းမိုးမြေ" ၃ အုပ်တွဲ သိုင်းစာစဥ်ဟာ "ဝဏ္ဏအောင်" ရဲ့ "နေလဝင်္ကပါ" ၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်ကောင်အမည်တွေသာ ကွဲပြားပြီး ဇာတ်လမ်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ "နေလဝင်္ကပါ" ကို ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "အမုန်းမိုးစွေသိုင်းမိုးမြေ" ကတော့ ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်)
📚 ၃ အုပ်တွဲ