"ထင်းရှူးကျေးရွာ" မှာ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ "ကျန်းကျန်း" တို့ မြေးအဖိုးဟာ ဒဏ်ရာဗလပွနဲ့ သေလုမျောပါးဖြစ်နေတဲ့ "ကျန်းလုံ" ကို ကယ်တင်မိခဲ့ရာကစပြီး သူတိုရဲ့ အေးချမ်းမှုလေး ပျက်စီးသွားခဲ့ရပါတယ်။
တကယ်တော့ သူတို့ ကယ်တင်ထားတဲ့သူဟာ အတိတ်မေ့နေသူဖြစ်တာကြောင့် "ကျန်းကျန်း" က "ကျန်းလုံ" လို့ အမည်ပေးခဲ့တာဖြစ်ပြီး "ကျန်းလုံ" ဟာ သိုင်းပညာကို အဆင့်မြင့်မြင့် တတ်ကျွမ်းထားတဲ့ သိုင်းသမားတစ်ဦးဖြစ်နေပါတယ်။
"ကျန်းကျန်း" ကို အကွက်ဆင် သိမ်းပိုက်ဖို့ ကြံစည်ခဲ့တဲ့ ထင်းရှူးကျေးရွာပိုင်ရှင် "ဝမ်းကျင်း" ကို "ကျန်းလုံ" က ရှင်းလင်းသုတ်သင်ပေးနိုင်ခဲ့ပေမယ့် အဖိုးအို "ကျန်းစန်း" ကတော့ သေဆုံးသွားခဲ့ရတာကြောင့် တစ်ကောင်ကြွက်မလေး "ကျန်းကျန်း" ကို "ကျန်းလုံ" က စောင့်ရှောက်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ဒုစရိုက်လောကရဲ့ နာမည်ကြီး သိုင်းလောကသားတစ်ဦးဖြစ်သူ "ရွှေမြားဒေဝီ" က "ကျန်းကျန်း" ကို ဖမ်းဆီးပြီး ဝူချွမ်းတောင်က "နဂါးဓါး"၊ မြွေဖြူနန်းတော် က "ဆေးစိမ်း" နဲ့ မိကျောင်းကျွန်း က "နတ္တိသိုင်းကျမ်း" ကို ယူဆောင်ခိုင်းခဲ့ပါတယ်။
ဒါကြောင့် "ကျန်းလုံ" လည်း ကနဦးမှာ မလုပ်ချင်ဘဲ လုပ်ခဲ့ရပေမယ့် နောက်ပိုင်းမှာ "ရွှေမြားဒေဝီ" ရဲ့ ရင်နာစရာ အတိတ်ဇာတ်ကြောင်းကို သိလိုက်ရတဲ့အခါ သူကိုယ်တိုင် လိုလိုလားလားနဲ့ အဲဒီပစ္စည်းတွေရဖို့ ကြိုးစားလုပ်ဆောင်ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ အဖြူရောင်သိုင်းထိပ်သီး "ဝါးစိမ်းအဖိုးအို" ရဲ့တပည့် "ယင်းကျား"နဲ့ သူ့ရဲ့ချစ်သူ "မေဖုန်း" တို့က "ရွှေမြားဒေဝီ" တို့ကို သတ်ဖြတ်ပြီး "ကျန်းကျန်း" ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
"ကျန်းလုံ" တစ်ယောက် အခက်အခဲတွေ ကျော်ဖြတ်ပြီး ဝူချွမ်းတောင်က "နဂါးဓါး" နဲ့ မြွေဖြူနန်းတော် က "ဆေးစိမ်း" ကို အရယူနိုင်ခဲ့ပေမယ့် သူကိုယ်တိုင်လည်း အဆိပ်မိသွားတဲ့အတွက် "ကင်းခြေဖြူ" အမည်ရှိ မိန်းကလေးက "ဆေးစိမ်း" ကို တိုက်ကျွေးကုသပေးခဲ့ရပါတယ်။
အဲဒီနောက် "ကျန်းလုံ" ဟာ မေ့နေတဲ့ အတိတ်အကြောင်းတွေကို ပြန်သတိရလာစေဖို့ကြိုးစားရင်း အဖြူရောင် သိုင်းလောကသားနှစ်ဦးဖြစ်တဲ့ "သံမဏိညီနောင်" နဲ့ မိတ်ဆွေတွေ ဖြစ်သွားခဲ့ရာက အဖြူရောင် အရေခြုံထားတဲ့ သိုင်းထိပ်သီးတစ်ယောက်ရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါ ... ။
📚 ၆ အုပ်တွဲ [၃ အုပ်တွဲ]