"ကြေးစားလူသတ်သမား" အဖြစ် ရပ်တည်ခဲ့တဲ့ ဝိညာဥ်နှုတ်ဓါး "မားဖိန်" ဟာ အဖြူရောင်သိုင်းသမား "ဝမ်းစီးစုံ" နဲ့ ဆုံတွေ့ပြီးနောက်ပိုင်းမှာ နောင်တရခဲ့တဲ့အတွက် ကြေးစားအလုပ်ကို စွန့်လွှတ်ပြီး အရေခြုံအဖြူရောင်သိုင်းသမားတွေကို ရက်ရက်စက်စက် နှိမ်နင်းနေသလို "စောရ" အလုပ်ကိုမှ နှစ်သက်တဲ့ အအိပ်မက်သူ "ကောက်ချူး" ကတော့ ဝိသမ လောဘသားတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူပြီး ဆင်းရဲသားတွေကို မျှဝေပေးနေသူ ဖြစ်ပါတယ်။
"လက်နက်ပုန်းဝိဇ္ဇာ" အဖြစ် နာမည်ကျော်သူ ရွှေဓါးအာမခံပိုင်ရှင် "လီထင်း" နဲ့ "လက်နက်ပုန်းပါရဂူ" ၄ ယောက်တို့ဟာ လက်နက်ပုန်းအရူး "ဝမ်းချို" အမည်ရှိ အရက်သမားလုလင်ကို အရှက်တကွဲရှုံးနိမ့်ပြီး သူတိုရဲ့ "လက်နက်ပုန်းပါရဂူ" ဘွဲ့တွေကို စွန့်လွှတ်ခဲ့ရသလို အဆိပ်ပညာကြောင့် နာမည်ဆိုးနဲ့ကျော်ကြားသူ "အဆိပ်ပန်း" ဟာလည်း ဆန်းဆန်းပြားပြား ဝတ်စုံတွေကို အလွန်နှစ်သက်တဲ့ အဆိပ်မယ်တော် "စုစု" ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။
"ကျင်းလိမ်မြို" က "သုခမိန်ဂေဟာ" ပိုင်ရှင် "ချင်ဟွမ်ယိ" ဟာ အရေခြုံလူဆိုးတစ်ဦးဖြစ်ကြောင်း သတင်းရခဲ့တဲ့ "မားဖိန်"၊ "သုခမိန်ဂေဟာ" မှာ ဓါးလှံလက်နက်တိုးမပေါက်တဲ့ "ထင်းလုံကျ" ဝတ်စုံ ရှိကြောင်း သတင်းရခဲ့တဲ့ "စုစု"၊ "သုခမိန်ဂေဟာ" မှာ "နှစ်ချို ပန်းသီးအရက်အိုး" ရှိကြောင်း သတင်းရခဲ့တဲ့ "ဝမ်းချို"၊ "သုခမိန်ဂေဟာ" မှာ ထူးဆန်းတဲ့ "မရဏမွေ့ယာ" ရှိကြောင်း သတင်းရခဲ့တဲ့ "ကောက်ချူး" တို "လူထူးဆန်း ၄" ဦး ဟာ "ကျင်းလိမ်မြို" မှာ အသီးသီး ဆုံစည်းခဲ့ကြပြီးနောက် "သုခမိန်ဂေဟာ" ပိုင်ရှင် "ချင်ဟွမ်း" ရဲ့သမီး "ချင်ဟွမ်ယိ" ကို ပြန်ပေးဆွဲနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ "ဝိညာဥ်ကျေးရွာ" နဲ့ ရင်ဆိုင်ရာမှာ "လူထူးဆန်း ၄ ဦး" ရဲ့ အင်အားကိုရယူဖို့ သူတို့ထက် သိုင်းပညာရော ဉာဏ်ပညာပါ အစစအရာရာသာလွန်တဲ့ "ချင်ဟွမ်ယိ" က အကွက်ချ ကြံစည်ထားတာဖြစ်ကြောင်း သိလိုက်ရပြီးနောက် "လူထူးဆန်း ၄ ဦး" ဟာ "ချင်ဟွမ်ယိ" ရဲ့ ဦးဆောင်မှုနဲ့အတူ "ဝိညာဥ်ကျေးရွာ" ကို ရောက်ရှိသွားခဲ့ကြပြီး "ရှောင်လင်ကျောင်း"၊ "ဝူဂေဟာ"၊ "နန်းကုန်းမိသားစု" အပါအဝင် သိုင်းထိပ်သီးပေါင်းများစွာကို အဆိပ်နဲ့ ထိန်းချုပ်ကာ သိုင်းလောကကို စိုးမိုးဖို့ကြိုးစားနေတဲ့ "ဝိညာဥ်ကျေးရွာပိုင်ရှင်" ကို ရင်ဆိုင်ကြတဲ့အခါ ... ။
📚 ၅ အုပ်တွဲ