သိုင်းလောကမှာ နှစ်ပေါင်း ၃၀ အတွင်း ဓါးပြမှုပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ပေမယ့် တရားခံတွေကို ဖမ်းမမိနိုင်ခဲ့တဲ့အပြင် တိုက်ရာပါ ရတနာပစ္စည်းတွေဟာလည်း တောတွင်းတစ်နေရာမှာရှိတဲ့ "ရှေးဟောင်းခံတပ်" မှာ စုစည်းတည်ရှိနေခဲ့ပါတယ်။
တကယ်တော့ "ရှေးဟောင်းခံတပ်" ဟာ သိုင်းလောကကို လွှမ်းမိုးချုပ်ကိုင်ဖို ကြိုးစားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရှေးဟောင်းခံတပ်ပိုင်ရှင် "ရှောင်ကျိုး" ကို လက်ရုံးနှစ်ဦးဖြစ်တဲ့ "မိစ္ဆာဖြူ" နဲ့ "မိစ္ဆာမည်း" တို့က လုပ်ကြံအပိုင်စီးခဲ့တဲ့အတွက် သစ္စာရှိ အိမ်ဖော်တစ်ယောက် ဟာ "ရှောင်ကျိုး" ရဲ့ သားဖြစ်သူကို ခေါ်ဆောင်ကာ "အရှေ့ပင်လယ်" ကို ထွက်ပြေးသွားခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် မျက်နှာစိမ်း လူငယ်လေး "ရှောင်လီ" ဟာ ခြင်္သေ့ဂိုဏ်းချုပ် "လုဖုံးချီ" ရဲ့ "ရွှေပုလွေ" ကို ခိုးယူကာ "ကွမ်းကြုံးအိ"၊ "ကွမ်းကြုံးအော့" ညီနောင်တို့နဲ့အတူ "ကြယ်ပျံအာမခံဌာန" ပိုင်ရှင် "ဟန်လုံ" ရဲ့ "ရှေးဟောင်းခံတပ် လျှို့ဝှက်ခရီးစဥ်" မှာ လိုက်ပါဖို့ ကြိုးစားခဲ့ပါတယ်။
"ဟန်လုံ" ရဲ့ စမ်းသပ်စစ်ဆေးမှုအမျိုးမျိုးကို ခံယူပြီးနောက် "ရှောင်လီ" ဟာ "ရှေးဟောင်းခံတပ် လျှို့ဝှက်ခရီးစဥ်" မှာ လိုက်ပါခွင့်ရခဲ့ပေမယ့် ရှေးဟောင်းခံတပ်က ရတနာတွေကို အပိုင်စီးဖို ကြိုးစားနေကြတဲ့ "မိစ္ဆာဖြူ"၊ "မိစ္ဆာမည်း" တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့အခါ ... ။
📚 ၂ အုပ်တွဲ