"မုတ်ဆိတ်ဖြူကြီး" ဟာ မိဘတွေကွယ်လွန်ပြီးနောက် ပစ္စည်းဥစ္စာအပိုင်စီးခံခဲ့ရတာကြောင့် လမ်းပေါ်လေလွင့်နေတဲ့ "ကျင်းစန်း" ကို ကောက်ယူမွေးစားကာ သိုင်းပညာသင်ပေးခဲ့ပါတယ်။
"ကျင်းစန်း" အရွယ်ရောက်လာတဲ့အခါ "သိုင်းဆရာလင်းကျိ" ထံက "ကြေးစုတ်တံ" ကို လုယူခိုင်းခဲ့တဲ့အတွက် "ကျင်းစန်း" တစ်ယောက် သိုင်းလောကထဲ ဆင်းလာရင်း "ဝီကျောင်း"၊ "နဂါးလေး" တို့နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ဆရာဖြစ်သူ "မုတ်ဆိတ်ဖြူကြီး" ထံက "မိုးကြိုးဓါး" ကို ခိုးယူပြီး ဇာတ်မြှုပ်နေတဲ့ တပည့်ဆိုး "ဝူချန်း" ဟာ ကျောထောက်နောက်ခံ အရှိန်အဝါ ရလိုတဲ့အတွက် သမီးဖြစ်သူ "ဝူချင်းချင်း" ကို မြို့စားကြီး "တုရှောင်ထင်း" ရဲ့သား "အိုရန်စန်း" နဲ့ လက်ထပ် ထိမ်းမြားဖို့ စီစဥ်ခဲ့ပါတယ်။
အကြံသမား "တုရှောင်ထင်း" ကလည်း "မိုးကြိုးဓါး" ကို လိုချင်တဲ့အတွက် "ဝူချန်း" ရဲ့ ကမ်းလှမ်းချက်ကို သဘောတူခဲ့ပေမယ့် အပြန်အလှန် အကောက်ကြံကြရင်း "ဝူချန်း" သေဆုံးသွားခဲ့ပြီးနောက် "မိုးကြိုးဓါး" နဲ့ "ကြေးစုတ်တံ" ရဲ့နောက်ကွယ်က လောဘသားတွေကို "ကျင်းစန်း" ဖော်ထုတ်မိတဲ့အခါ ... ။
("ဝဏ္ဏအောင်" ရဲ့ "ပဉ္စလက်ခရီး"၊ ၆ အုပ်တွဲသိုင်းစာစဥ်ဟာ "တက္ကသိုလ်သီဟအောင်" ရဲ့ "မိုးကြိုးဓါးနှင့်ကြေးစုတ်တံ"၊ ၂ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်လမ်းဇာတ်ကွက် အတူတူပဲ ဖြစ်ပါတယ်။
"ပဉ္စလက်ခရီး" ကို ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "မိုးကြိုးဓါးနှင့်ကြေးစုတ်တံ" ကို ၂၀၁၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၂ အုပ်တွဲ