စာပေပညာရှင် "ဝူထင်းဟွာ" သေဆုံးသွားပြီးနောက် ကျန်ရစ်သူ လူမမယ်သားတွေဖြစ်တဲ့ "ဝူစန်း" နဲ့ "ဝူကျင်း" ညီအစ်ကိုနှစ်ယောက်ကို မိထွေး "ရီလန်း" က အိမ်ပေါ်က နှင်ထုတ်ပစ်ရုံသာမက မောင်ဖြစ်သူ "ရီဖုန်း" ကိုပါ လိုက်လံသတ်ဖြတ်စေခဲ့ပါတတယ်။
ဒီအခါ ညီငယ် "ဝူကျင်း" မြစ်ထဲပြုတ်ကျသွားခဲ့ပေမယ့် အကိုကြီး "ဝူစန်း" ကတော့ လွတ်မြောက်သွားပြီး "လမ်းတေလေ" အဖြစ် ခိုးဝှက်ရင်းစားသောက်ရင်း ကျင်လည်နေခဲ့ရပါတယ်။
ငယ်စဥ်ကတည်းက လူတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရတာကြောင့် နှလုံးသားမာကျောလာတဲ့ "ဝူစန်း" ဟာ "အဆိပ်ဘီလူး" ရဲ့ တပည့် "ယင်းကူး" ရဲ့ မတရားဖမ်းဆီးခြင်းခံရပြီး အဆိပ်ပညာ အစမ်းသပ်ခံရတဲ့အတွက် "အဆိပ်ကောင်" ဖြစ်လာခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ ကံကောင်းစွာ အသက်မသေဘဲ အခွင့်အရေးရတဲ့ တစ်နေ့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
"ဝူစန်း" ဟာ ထွက်ပြေးနေရင်း မမျှော်လင့်ဘဲ "ကျောက်သွေးလိုဏ်ဂူ" ထဲက ထူးဆန်းတဲ့ "ကျောက်သွေးရေ" သောက်မိတဲ့အတွက် အတွင်းအားတွေ တဟုန်ထိုး တိုးပွားလာခဲ့သလို တကိုယ်လုံးမှာလည်း အမွေးအမျှင်ဖြူတွေ ထွက်ရှိလာပြီးနောက် "ယင်းကူး" ကို မကြောက်ရွံတော့ဘဲ ပြန်လည် တိုက်ခိုက်ဖမ်းဆီးပြီး "မရဏသိုင်းပညာ" ကို သင်ယူကာ အလွန်ကြမ်းတမ်းတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
တချိန်တည်းမှာပဲ မြစ်ထဲပြုတ်ကျသွားတဲ့ "ဝူကျင်း" ကို တံငါသည်အဖိုးအို "ချိုပင်း" က တွေ့ရှိကယ်တင်ခဲ့တဲ့အတွက် အသက်ချမ်းသာရခဲ့ပါတယ်။
သိုင်းလောကသားတွေ လိုချင်မက်မောကြတဲ့ "ယန်ထင်ကျုံး" ရဲ့ "စေတလုံးသိုင်းကျမ်း" ကို ခြေရာခံလိုက်နေတဲ့ "ငိုမီဂိုဏ်း" က "ရှထိ" ရသေ့ ကလည်း တပည့်အဖြစ် မွေးစားခဲ့တာကြောင့် လူကောင်းသူကောင်းတွေနဲ့ ဆုံတွေ့ခဲ့ရတဲ့ "ဝူကျင်း" ဟာ အမှန်တရားကို မြတ်နိုးပြီး စိတ်ထားနူးညံ့သူဖြစ်လာခဲ့ပါတယ်။
နေရာအနှံ့ လျှောက်သွားနေရတဲ့အတွက် သိုင်းပညာသင်ပေးဖို့ အချိန်မရတဲ့ ရသေ့ "ရှထိ" က "ဝူကျင်း" ကို သိုင်းအကျော်မော် ရွှေလက်ဝါးရှင် "ပုဖျောက်" ထံမှာ သိုင်းပညာသင်ကြားဖို အပ်နှံထားခဲ့ပြီး "စေတလုံးသိုင်းကျမ်း" ကို ဆက်လက်ရှာဖွေနေစဥ် "ကျူးမြိုစား" နဲ့ မြင်းဖြူမင်းသား "ကျိလု" တို့ရဲ့လက်ချက်ကြောင့် အသက်ဆုံးရှုးခဲ့ပေမယ့် "စေတလုံးသိုင်းကျမ်း" ကိုတော့ အရယူဆောင်ကာ "ဝူကျင်း" ကို ပေးအပ်နိုင်ခဲ့ပါတယ်။
"ဝူးစန်း" ဟာ "ယင်းကူး" ရဲ့ မြှောက်ပင့်သွေးထိုးမှုနဲ့ "ပင့်ကူဂိုဏ်း"၊ "ကြယ်တံခွန်ဂိုဏ်း"၊ "ဓါးဂိုဏ်း" တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး "ခြင်္သေ့ဂိုဏ်း" ထူထောင်နိုင်ခဲ့ရုံသာမက အဖြူရောင်သိုင်းဂိုဏ်းကြီးတွေကိုပါ ရန်ပြုလာတဲ့အခါ စိတ်နာကျည်းချက်တွေကြောင့် အထိန်းအကွပ်မရှိဘဲ ထင်ရာစိုင်းနေတဲ့ ဆံဖြူခြင်္သေ့ "ဝူစန်း" နဲ့ စိတ်ထားနူးညံ့သူ စေတလုံးရှင် "ဝူကျင်း" တို့ ရင်ဆိုင်တွေ့ကြရင်း ... ။
📚 ၄ အုပ်တွဲ