ဒီဝတ္တုဟာ စာရေးဆရာကြီး "ကျင်းယုံ" ရဲ့ နာမည်ကျော် "သိမ်းငှက်သူရဲကောင်းတို့ ဒဏ္ဍာရီ" (The Legend of Condor Heroes) ကို တိုက်ရိုက် ဘာသာမပြန်ဘဲ မြန်မာမှုပြုထားတဲ့ ဝတ္တုတစ်ပုဒ်ဖြစ်ပါတယ်။
စာစဥ် တစ်ပိုင်းစီကို နာမည်တစ်မျိုးစီနဲ့ ထုတ်ဝေလေ့ရှိတဲ့ ရှေးဟောင်းသိုင်းစာစဥ်တွေရဲ့ ထုံးစံအတိုင်း "ကိုးသင်္ချိုင်းမှ စိန်ခေါ်သံ" စာစဥ်တွဲမှာ "ကိုးသင်္ချိုင်းမှ စိန်ခေါ်သံ"၊ "နဂါးနိုင်သိုင်းနှင့် မေတ္တာလှိင်း"၊ "မြောက်ကျွန်းသိုင်းဆရာကြီး"၊ "ဂူထဲမှလူထူးဆန်း"၊ "လူမဲ့ကျွန်းရောက် လူငါးယောက်"၊ "ဖားကိုမြွေမျို မြွေကိုသိန်းချီ"၊ "မြေခွေးအသွင် ဝံပုလွေအလား"၊ "နွံအိုင်တွင်းမှ မာယာကျော့ကွင်း"၊ "မေတ္တာကျားကွက် ရွှေ့ခက်ခက်"၊ "သိုင်းသမားမျက်ရည်" နဲ့ "သိုင်းသမားစိတ်ဓာတ်" ဆိုတဲ့ အပိုင်း ၁၁ ပိုင်း ပါဝင်ပါတယ်။
The Legend of Condor Heroes ကိုပဲ "မိုးကျော်သူ" ကလည်း "သိုင်းလောကမှ သူရဲကောင်းများ" လို့ ဘာသာပြန်ထားပြီး အဲဒီ ဝတ္တုထဲက ဇာတ်လိုက်တွေဖြစ်တဲ့ "ကေ့ကျိန်း" နဲ့ "ဟွမ်းယုံ" ဟာ "တက္ကသိုလ်ဘုန်းကြွယ်" ရဲ့ "ကိုးသင်္ချိုင်းမှ စိန်ခေါ်သံ" မှာတော့ "မောင်မျိုးချစ်" နဲ့ "ချောကလျာ" ဖြစ်လာပါတယ်။
(တက္ကသိုလ်ဘုန်းကြွယ် ဟာ စာရေးဆရာကြီး ကျင်းယုံ ရဲ့ "တကျော့ပြန် သိမ်းငှက်သူရဲကောင်းများ The Return of The Condor Heroes)" စာစဥ်တွဲကိုလည်း "လင်းယုန်မောင်မယ် (သို့) သိုင်းမျိုးဆက်၏ရန်ဘက်ချစ်သူ" လို မြန်မာမှုပြုခဲ့ပြီး အဲဒီ ဝတ္တုထဲက "ယန်းကို" နဲ့ "ရှောင်လုံနွီ" ဟာ "မောင်မျှော်မြင်" နဲ့ "နဂါးမယ်လေး" ဖြစ်လာပါတယ်။ အဲဒီ "တကျော့ပြန် သိမ်းငှက်သူရဲကောင်း (The Return of the Condor Heroes)" စာစဥ်တွဲကိုပဲ "မိုးကျော်သူ" ကလည်း "သိုင်းလောက မောင်မယ်များနဲ့ သိုင်းလောကမှ မျိုးဆက်များ" လို ဘာသာပြန်ဆိုထားပါတယ်။)
"သိမ်းငှက်သူရဲကောင်းတို ဒဏ္ဍာရီ" ဆိုတဲ့ အမည်နဲ့ "ဟောင်ကောင်ကော်မာရှယ်" သတင်းစာမှာ ၁၉၅၇ ခုနှစ် ကနေ ၁၉၅၉ ခုနှစ်အထိ ဖော်ပြခဲ့တဲ့ ဒီဝတ္တုကို "မြဝတီရုပ်မြင်သံကြား" ကလည်း "သူရဲကောင်းတို၏ ဒဏ္ဍာရီ" လို့ အမည်ပေး ထုတ်လွှင့်ခဲ့သလို နောက်ပိုင်းမှာလည်း Version အမျိုးမျိုးနဲ့ ရုပ်သံစီးရီးတွေ ဆက်လက်ထွက်ရှိခဲ့ပါတယ်။
အဲဒီ ရုပ်သံစီးရီးတွေအထဲက "မက်မွန်မြေမှချစ်တေးတပုဒ်" သိုမဟုတ် "သိမ်းငှက်သူရဲကောင်း" ဆိုတဲ့ အမည်တွေနဲ့ "ကောကျင့်"၊ "ရန်ကော်"၊"ဂူဂူး" ဆိုတဲ့ ဇာတ်ကောင်တွေကို သိုင်းလောကသားတွေ အမှတ်အရဆုံးဖြစ်မှာပါ။
လူသိများတဲ့ ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ ပြောရရင်တော့ "ကောကျင့်" [ဝတ္တုထဲမှာ ကေ့ကျိန်း] ပါဝင်တဲ့ သိမ်းငှက်သူရဲကောင်း (၁) သိုမဟုတ် "မက်မွန်မြေမှချစ်တေးတပုဒ်" က "သိုင်းလောကမှသူရဲကောင်းများ" စာစဥ်တွဲဖြစ်ပြီး "ရန်ကော်" [ဝတ္တုထဲမှာ ယန်းကို] ပါဝင်တဲ့ သိမ်းငှက်သူရဲကောင်း (၂) က "သိုင်းလောက မောင်မယ်များနဲ့ သိုင်းလောကမှ မျိုးဆက်များ" စာစဥ်တွဲ ဖြစ်ပါတယ်။
နောက်ထပ် နှစ်အနည်းငယ်အကြာမှာ ဆက်လက်ရိုက်ကူးခဲ့တဲ့ "ကျန်းဝူကျိ" [ဝတ္တုထဲမှာ ကျန်းဟူကျင်း] ပါဝင်တဲ့ "နဂါးနိုင်ဓါး" သို့မဟုတ် "ဓါးနှစ်လက်ရဲ့ရာဇဝင်" ကတော့ ဒီစာစဥ်တွဲတွေရဲ့ အဆက်အဖြစ် မှတ်ယူနိုင်ပါတယ်။
📚 ၁၁ အုပ်တွဲ