တရုတ်ပြည်ကို မန်ချူးတွေ သိမ်းပိုက်စိုးမိုးလာချိန်မှာ မန်ချူးတပ်မှူးကြီးလည်းဖြစ်၊ ဖြူမည်းဂိုဏ်းချုပ်လည်းဖြစ်သူ "တိုးလွန်တိုး" ဟာ သိုင်းဂိုဏ်းကြီးတွေမှာရှိတဲ့ အဖိုးတန်သိုင်းကျမ်းတွေကို လုယက်ဖို့ ကြိုးပမ်းလာတဲ့အတွက် ရှောင်လင်ဂိုဏ်းချုပ်ကြီး "ရှောက်ချင်" ဦးဆောင်ပြီး မှဲ့ရှစ်လုံးရှင် "ရှီးထင်ချိတ်" ရဲ့ "ကဝိမနောသိုင်းကျမ်း" အပါအဝင် ဂိုဏ်းအသီးသီးရဲ့ သိုင်းကျမ်းတွေကို "သိုင်းပဒေသာလိုဏ်ဂူ" ထဲမှာ သိမ်းဆည်းထားခဲ့ပါတယ်။
နှစ်အနည်းငယ်အကြာမှာ အစွမ်းထက်မြက်တဲ့ သိုင်းကျမ်းတွေရှိတယ်လို နာမည်သတင်း ကြီးမားသလောက် ဝင်မိသူတိုင်း ပြန်ထွက်မလာနိုင်တော့တဲ့ "သိုင်းပဒေသာလိုဏ်ဂူ" ထဲကို ခွန်းလွန်ဂိုဏ်းသားဟောင်း "ကျောင်းစန်းလိုင်"၊ ဘီလူးဂိုဏ်း ရဲ့ နောက်ဆုံးမျိုးဆက် "ကုလေး"၊ မွန်ဂိုအမျိုးသမီးလေးတွေဖြစ်တဲ့ "ယန်ဂျာ" နဲ့ "ယန်ကူ" တို့ဟာ အသီးသီး ဝင်ရောက်မိခဲ့ကြပါတယ်။
သူတိုတွေအထဲမှာ "ကျောင်းစန်းလိုင်" ဟာ လမ်းမှန်သိုင်းသမားပီပီ လူအေးလူဖြောင့် ဖြစ်ပေမယ့် "ကုလေး" ကတော့ ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး မွန်ဂို ညီအစ်မကတော့ ရိုးသားလိမ္မာကြသူတွေ ဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခြင်းလည်း မရှိ၊ နောက်ခံသမိုင်းကြောင်းချင်းလည်း မတူ၊ စိတ်နေသဘောထားခံယူချက်ချင်းလည်း ကွဲပြားကြတဲ့ သူတို့တစ်တွေဟာ ဂူထဲကို အောင်အောင်မြင်မြင် ဝင်သွားနိုင်ခဲ့ကြတဲ့အတွက် "သိုင်းပဒေသာလိုဏ်ဂူ" ကို စောင့်ကြပ်နေတဲ့ "ဂူအောင်းရာဇာ" က မိမိတို့စိတ်ကြိုက် သိုင်းပညာကို လေ့လာသင်ယူဖို့ အချိန် ၃ လ ခွင့်ပြုပေးခဲ့ပါတယ်။
"သိုင်းပဒေသာလိုဏ်ဂူ" ထဲက ပြန်လည်ထွက်ခွာလာကြပြီးနောက် "ကုလေး" ဟာ "ဘီလူးဂိုဏ်း" ကို ပြန်လည်တည်ထောင်နိုင်ဖို့အတွက် "ကျောင်းစန်းလိုင်"၊ "ယန်ဂျာ" နဲ့ "ယန်ကူ" တို့ကို သွေးသောက်မောင်နှမတွေအဖြစ် "ဘီလူးဂိုဏ်း" ထဲ ဖိအားပေး ဝင်ရောက်စေခဲ့ပြီး တချိန်က ဆိုးဖော်မိုက်ဖက်ဖြစ်တဲ့ "မြွေဆိုးဂိုဏ်း" ရဲ့အကူအညီနဲ့ "ဘီလူးဂိုဏ်း" ကို ပြန်လည်တည်ထောင်ခဲ့ပါတယ်။
မိန်းမဆိုး "ကုလေး" ဟာ "ကျောင်းစန်းလိုင်" ကို တဖက်သတ်ချစ်ကြိုက်နေပေမယ့် ဒုစရိုက်လောကမှာ မကျင်လည်လိုတဲ့ "ကျောင်းစန်းလိုင်" ကတော့ "သစ်စိမ်းပိတုံးဂေဟာ" က "အဆိပ်ဖြေပန်းဝတ်လွှာ" လို့အမည်ရတဲ့ မိန်းကလေး "ချန်မေချင်း" ကိုသာ ချစ်ကြိုက်ခဲ့ပြီး "ဘီလူးဂိုဏ်း" ကို စွန့်ခွာထွက်ပြေးဖို့ ကြိုးပမ်းတဲ့အခါ ... ။
📚 ၃ အုပ်တွဲ