ပျားဖွပ်သမားလေး "ကျန်းယိမင်း" တစ်ယောက် မိဘဘိုးဘွားတွေနဲ့အတူ စိမ်းလဲ့ရေတံခွန်တောအုပ်ထဲမှာ အေးချမ်းစွာနေထိုင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ဒဏ်ရာနဲ့ရောက်လာတဲ့ မိန်းကလေး "ကူမိုင်ခန်း" ကြောင့် သူ့ရဲ့အေးချမ်းမှုဟာ ပျက်စီးသွားခဲ့ပါတယ်။
ရုတ်တရက် အကြောင်းမဲ့ တိုက်ခိုက်လာတဲ့ "ဘီလူးဂိုဏ်း" ရဲ့ လက်ချက်ကြောင့် အဘိုးအဘွားနဲ့ ဖခင်ဖြစ်သူ သေဆုံးသွားတဲ့အတွက် "ကျန်းယိမင်း" လည်း အဖြစ်မှန်ကို စုံစမ်းဖို့ "ကူမိုင်ခန်း" နဲ့အတူ "ဘီလူးဂိုဏ်း" ဌာနချုပ်တည်ရှိရာ "မြောင်ဒေသ" ကို ခရီးထွက်ခွာလာခဲ့ပါတယ်။
လမ်းခရီးမှာ လူဆိုးတွေရဲ့ ပြန်ပေးဆွဲမှု၊ နောင်တော် "ကျင်းလုယောင်" ရဲ့ အကောက်ကြံမှု နဲ့ ရင်ဆိုင်နေရတဲ့ "စီးရိနယ်စား" မင်းသားလေး "ကျင်းကော့ထန်" နဲ့ ဆုံတွေ့မိပြီး ဝိုင်းဝန်းကူညီပေးခဲ့တာကြောင့် သူတို ၃ ဦးဟာ မိတ်ဆွေတွေ ဖြစ်သွားခဲ့ပါတယ်။
ဒါကြောင့် "စီးရိနယ်" ရဲ့ မြို့တော် "စီးလုံကိုမြို့" မှာ "ကူမိုင်ခန်း" ကို အနားယူနေရစ်စေခဲ့ပြီး "ကျန်းယိမင်း" တစ်ယောက်တည်း "ဘီလူးဂိုဏ်း" တည်ရှိရာ "မြောင်ဒေသ" ကို ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။
ဘီလူးဂိုဏ်း အရောက်မှာတော့ တချိန်က သူတစ်ဖက်သတ်ချစ်နေရတဲ့ မိန်းကလေး ကျောင်းပိယောင်ဟာ ဘီလူးဂိုဏ်းချုပ် ဖြစ်နေခဲ့ပြီး အရင်က ဆိုးသွမ်းခဲ့တဲ့ ဘီလူးဂိုဏ်းဟာလည်း အဖြူရောင်ဂိုဏ်းအဖြစ် ပြောင်းလဲရပ်တည်နေတာကို သိလိုက်ရပါတယ်။
တချိန်တည်းမှာပဲ သူ့ရဲ့ မိဘဘိုးဘွားတွေကို သတ်ဖြတ်သွားကြသူတွေဟာ "ဘီလူးဂိုဏ်း" ရဲ့ ပြုပြင်ပြောင်းလဲမှုကို မလိုလားဘဲ "အမည်းရောင်ဂိုဏ်း" အဖြစ် စင်ပြိုင်တည်ထောင်ဖို့ကြိုးစားနေတဲ့ ဟင်္သာဖိုမဓါး "ကျန်းလောက်ဟုန်" ဦးစီးတဲ့ ဘီလူးဂိုဏ်းသားတွေဖြစ်ကြောင်း သိလိုက်ရပေမယ့် ကံကြမ္မာရဲ့ လှည့်ကွက်တွေကို မတွန်းလှန်နိုင်တဲ့အခါ ... ။
📚 ၄ အုပ်တွဲ