မန်ချူးဘုရင် "စန်းချီး" လက်ထက်မှာ များပြားလှတဲ့ ဘုရင့်သားတော်တွေဟာ ထီးနန်းကို ဆက်ခံခွင့်ရဖို့ အပြိုင်အဆိုင် ကြိုးစားနေကြသလို ဟန်တရုတ်မျိုးချစ်တွေကလည်း မန်ချူးတွေရဲ့ နှစ်ပေါင်း ၆၀ ကျော် သိမ်းပိုက်ခံထားရမှုက လွတ်မြောက်ဖို့ တတ်အားသမျှ အင်အားစုစည်းနေကြပါတယ်။
နန်းမွေဆက်ခံဖို့ သတင်းကြီးနေသူ စတုတ္ထမြောက် မန်ချူးမင်းသား "ယင်ကျင်း" ရဲ့ လက်ပါးစေတွေဖြစ်တဲ့ "လွေးဟိုင်သင်း"၊ ရှစ်လက်မောင်းဘီလူး "ထန်ချူး"၊ ခွန်အားကြီးဘီလူး "ထန်တူး" နဲ့ "သွေးစက်အဖွဲ" တို့က "ထိုက်ဟန်တောင်" မှာ ပြုလုပ်တဲ့ မျိုးချစ်သိုင်းသမားများတွေ့ဆုံပွဲကို ဖျက်ဆီးနှောက်ယှက်ပြီး သိုင်းသမားတွေကို သတ်ဖြတ်သုတ်သင်ခဲ့ပါတယ်။
"ဟိုနန်မြို့" က သိုင်းဆရာကြီး "ဖုံးကွမ်းချောင်" ဟာ စတုတ္ထမြောက် မန်ချူးမင်းသား "ယင်ကျင်း" ရဲ့ လက်ချက်နဲ့ အသက်ဆုံးပါးခဲ့ရတဲ့ မျိုးချစ်သိုင်းဆရာကြီးတွေအထဲက တစ်ယောက်ဖြစ်ပြီး တပည့် "ထန်းရှောင်လန်"၊ ချွေးမ "ခွမ်းလျန့်ရှာ" နဲ့ မြေးမ လေးတွေဖြစ်ကြတဲ့ "ဖုံးအင်း"၊ "ဖုံးလင်" တို့ကတော့ အသီးသီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။
လူငယ်လေး "ထန်းရှောင်လန်" ဟာ မန်ချူးလက်ပါးစေတွေရဲ့လက်က ထွက်ပြေးရင်း "ကွမ်းတုံး လူစွမ်းကောင်းလေးဖော်" ဖြစ်တဲ့ "ရှမ်ဟုန်း"၊ "လျှိရှမ်း"၊ "လန်ယဲ့"၊ "ချင်းယွမ်" တို့ရဲ့ အကူအညီနဲ့ "မန်းစန်းတောင်" ကို ရောက်ရှိသွားခဲ့ပြီး မန်းစန်းဂိုဏ်းချုပ် "လက်တစ်ဖက်ပြတ်မယ်တော်" နဲ့ တပည့်မလေး "လီဆုလျန်" တို့က "ထန်းရှောင်လန်" ကို နောက်က လိုက်လာတဲ့ မန်ချူးလက်ပါးစေ သိုင်းသမားတွေရဲ့ရန်က ကာကွယ်ပေးခဲ့ပါတယ်။
အဲဒီနောက် "လက်တစ်ဖက်ပြတ်မယ်တော်" ရဲ့ လမ်းညွှန်ချက်အရ "ထန်းရှောင်လန်" လည်း "ဆုန်းယံဂိုဏ်း" က သံလက်ဝါး "ယန်ကျုံးအင်း" ထံမှာ ၂ နှစ်ကြာ ပညာသင်ယူခဲ့ပြီးနောက် သူ့ကို တဖက်သတ်ချစ်နေသူ "ယန်ကျုံးအင်း" ရဲ့ သမီး "ယန်းလျှိချိန်း" ကို ရင်မဆိုင်လိုတဲ့အတွက် "ယန်ဂေဟာ" က ထွက်လာခဲ့ပါတယ်။
"ထန်းရှောင်လန်" တစ်ယောက် တစ်ကိုယ်တည်း သိုင်းလောကထဲ ကျင်လည်နေစဥ် "မန်းစန်းတောင်" က "လီဆုလျန်" နဲ့ ပြန်တွေ့ခဲ့ပြီး "လက်တစ်ဖက်ပြတ်မယ်တော်" ရဲ့ မှာကြားချက်အတိုင်း မန်ချူးသစ္စာခံဖြစ်နေတဲ့ တပည့်ကြီး "လျောင်အင်း" ကို ဆုံးမဖို့ အတူ ကြိုးစားခဲ့ကြပေမယ့် သိုင်းပညာနိမ့်ပါးသေးတာကြောင့် မအောင်မြင်ခဲ့ကြဘဲ ရှုံးနိမ့်နေကြစဥ်မှာ "မိုးတောင်ဂိုဏ်း" က သိုင်းနတ်မယ် "ယီလန်ကျူး" က ဝင်ရောက်ကယ်တင်ပေးခဲ့ရာက "ထန်းရှောင်လန်" လည်း "ယီလန်ကျူး" ရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြန်ပါတယ်။
တချိန်တည်းမှာ စတုတ္ထမြောက် မန်ချူးမင်းသား "ယင်ကျင်း" ဟာ "ဝမ်ကျွန်းယိ" အမည်ခံကာ "ရှောင်လင်ကျောင်း" မှာ လာရောက်ပညာသင်ကြားခဲ့ပြီး သူ့ရဲ့ နောက်လိုက်သစ္စာခံတွေ စုစည်းခဲ့ရာမှာ "ထန်းရှောင်လန်" ရဲ့ ဆရာတူအကို "ဝမ်းလိမ်"၊ ဥဿုံဓါး "ကျုံးဝမ်ထန်" ရဲ့ တပည့် "လျှန်ကင်းဟောင်"၊ "သွေးစက်ကလေးအဖွဲ့" ခေါင်းဆောင် "ဟပုထိုး"၊ နှင်းတောင်ကျား "စွန်းကော့" အပါအဝင် လူကြီး၊ လူငယ် သစ္စာဖောက် သိုင်းသမားများစွာကို စုစည်းမိခဲ့ပါတယ်။
တဖက်မှာလည်း မန်ချူးဘုရင့်သွေးဖြစ်ပေမယ့် ဓမ္မဘက်က ရပ်တည်သူ "ထန်းရှောင်လန်" နဲ့ "လီဆုလျန်"၊ "ကျိုက်ခွမ်း"၊ "ကန့်ဟန်ချီ"၊ "ဖုံးအင်း"၊ "ဖုံးလင်" စတဲ့ လူငယ်မျိုးဆက်သစ်တွေဟာ သူတို့ရဲ့ မိဘ၊ ဆရာသမားတွေလက်ထက်မှာ မပြီးဆုံးခဲ့တဲ့ မန်ချူးတော်လှန်ရေးတာဝန်ကို ဆက်လက် ထမ်းဆောင်ကြရင်း မန်ချူးဘုရင်ဖြစ်လာတဲ့ "ယင်ကျင်း"၊ နန်းအတွင်းဝန် ဖြစ်လာတဲ့ "လျှန်ကင်းဟောင်" တို့နဲ့ စွမ်းအားချင်ပြိုင် ရင်ဆိုင်ကြတဲ့အခါ ... ။
📚 ၉ အုပ်တွဲ