ဝါးဖြူရွာက "ဝန်ယုကောင်း"၊ "ဟိုဖိန့်" နဲ့ "လုအိမ်လိမ်" တို့ဟာ "ကျားပျံသယ်ယူပို့ဆောင်ရေးအဖွဲ့"နဲ့အတူ ခရီးကြုံ လိုက်ပါလာသူ "သူဌေးကြီး ချန်" ထံက ရတနာပစ္စည်းတွေကို ဓါးပြတိုက်ဖို့ "စင့်မော်ဘုံကျောင်းပျက်" ကို ရောက်လာခဲ့ကြပါတယ်။
ဒါပေမဲ့ သူတို့ မထင်မှတ်ထားတာက "ကျားပျံသယ်ယူပိုဆောင်ရေးအဖွဲ" ဟာ ရွှေဒင်္ဂါးသေတ္တာ ၁၂ လုံး လျှို့ဝှက်သယ်ဆောင်လာကြတာဖြစ်ပြီး အဲဒီ ရွှေဒင်္ဂါးတွေကို "သစ်စိမ်းဂိုဏ်း" က လုယက်တိုက်ခိုက်ရင်း နှစ်ဖက်စလုံး သေကြေပျက်စီးကုန်ကြပါတယ်။
ဒီအခါ မမျှော်လင့်ဘဲ မုတ်ဆိတ်ပျားစွဲတဲ့ "ဝန်ယုကောင်း" တို့ အချောင်သမားသုံးယောက်ဟာ ရွှေဒင်္ဂါးသေတ္တာတွေကို လျှို့ဝှက်သိမ်းဆည်းလိုက်ကြပြီး သော့တစ်ယောက်တစ်ချောင်းစီ ယူဆောင်ကာ လူစုခွဲ ရှောင်တိမ်းနေထိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ "ဝန်ယုကောင်း" ကို သစ်စိမ်းဂိုဏ်းသားတွေ ခြေရာခံမိသွားတဲ့အတွက် သုတ်သင်ရှင်းလင်းခံရတော့မယ့်ဆဲဆဲမှာ မြောင်နယ်သူလေး "ကေမိဝါ" ကို ခေါက်ယပ်တောင်လေးတစ်ချောင်း ပေးအပ်ပြီး "ဟိုဖိန်" အမည်ရှိသူကို ပေးအပ်ပေးဖို့ မှာကြားသွားခဲ့ပါတယ်။
ဒီအခါမှာတော့ ရိုးသားလှတဲ့ ကျေးတောသူလေး "ကေမိဝါ" တစ်ယောက် "ကျားပျံသယ်ယူပိုဆောင်ရေးအဖွဲ့"၊ "သစ်စိမ်းဂိုဏ်း" နဲ့ ရွှေဒင်္ဂါးသေတ္တာ အရှုပ်တော်ပုံထဲ ပါဝင်လာခဲ့ရပြီး ... ။
📚 ၂ အုပ်တွဲ