အဖြူရောင်သိုင်းသမားတွေဖြစ်တဲ့ "ပန်းချောင်းဓါးဂိုဏ်း" က "ရှောက်ချူးရွှေ"၊ "ထန်ရဲတိုက်" က "ထန်လို"၊ "ဟိုင်နန်ဂိုဏ်း" က "တိန်ယိဟန်" နဲ့ "မိုးနန်းတောင်ဂိုဏ်း" က "ကျိုချူးချောက်လန်" တိုဟာ "ကျင်ကျန်းညီနောင်လေးဖော်" အဖြစ် ကျင်လည် ကျက်စားရင်း အမှောင်လောက က "သြဇာအာဏာဂိုဏ်း" နဲ့ ထိပ်တိုက်ရင်ဆိုင်မိရာက "ထန်လို"နဲ့ "တိန်ယိဟန်" တို့ သေဆုံးခဲ့ရပါတယ်။
"သူရဲကောင်းအမိန့်ပေးတံဆိပ်ပြား" ကို လိုချင်နေတဲ့ "သြဇာအာဏာဂိုဏ်း" ရဲ့ ဂိုဏ်းချုပ်ကြီး "လီချိန်ကြို" နဲ့ လက်ရုံးတွေဖြစ်တဲ့ "မိုးဘုရင်ရှစ်ပါး" ရဲ့ လက်ချက်ကြောင့် "ရှောက်ချူးရွှေ" ရဲ့ "ရှောက်ဂေဟာ" မှာလည်း သွေးချောင်းစီးခဲ့ရတဲ့အပြင် "ရှောက်ချူးရွှေ" ဟာလည်း "မိုးဘုရင်ရှစ်ပါး" ထဲက တပါးအပါအဝင်ဖြစ်သူ "ဓားဘုရင် ချီဟန်စန်း" ရဲ့ဓားချက်နဲ့ ချောက်ကမ်းပါးထဲ ပြုတ်ကျခဲ့ပြီး "ချိုင်းထောက်ဖိန်ကျုံ" ရဲ့ ကူညီမှုကြောင့်သာ အသက်မသေခဲ့ရပါတယ်။
မမျှော်လင့်ဘဲရခဲ့တဲ့ "စောက်လျှိုလေ့" ရဲ့ "အဖိုစွန်းဆေးလုံး" နဲ့ "မြက်ပိုးကောင်" တို့ရဲ့ အစွမ်းကြောင့် အတွင်းအားမြင့်မားခဲ့ပေမယ့် သိုင်းပညာမှာ သာမန်အဆင့်သာရှိတဲ့ "ရှောက်ချူးရွှေ" ဟာ ရဲရင့်တဲ့ စိတ်ဓါတ်နဲ့ ဦးဆောင်နိုင်စွမ်းအရည်အချင်း ရှိတာကြောင့် "ပြည်မကြီးသွေးသောက်အဖွဲ့" ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် သိုင်းအကျော်အမော်ကြီးတွေရဲ့ သဘောကျနှစ်ခြိုက်မှုကိုခံရပြီး "ဝူတန်ဂိုဏ်း" က "ယင်ဖိန်" နဲ့ "ထက်ချီ"၊ "ရှောင်လင်ဂိုဏ်း" က "ပေါက်ရှန်" နဲ့ "မုယဲ့"၊ "မုံကျန်းမြစ်ဓါးသမား တုရှဲစန်း"၊ "ဂီတသုံးပါး ဓါးသမားသုံးယောက်" တို့လို အဖြူရောင်ဘက်တော်သားတွေရဲ့ သိုင်းပညာသာမက "သြဇာအာဏာဂိုဏ်း" ရဲ့ ကိုယ်ရံတော်တွေဖြစ်တဲ့ "အရှေ့ပိုင်းဓါးဝိဇ္ဇာ လန်ဖန်ကျင်း" နဲ့ "အနောက်ပိုင်းဓါးဝိဇ္ဇာ ကျန်ထန်ဝူး"၊ "မိုးဘုရင်ကြီးကျင်း" ရဲ့ ကိုယ်ရံတော်တွေဖြစ်တဲ့ "ကျန်းချန်ကျင်း" နဲ့ "ဝမ့်ဆွေယိ" တို့လို အမည်းရောင်ဘက်တော်သားတွေဆီကပါ သိုင်းပညာတွေရရှိခဲ့ပြီး "သြဇာအာဏာဂိုဏ်း" နဲ့ "မိုးဘုရင်ကြီးကျင်း" ကို ရင်ဆိုင်နိုင်မယ့် တဦးတည်းသော လူငယ်လေး ဖြစ်လာတဲ့အခါ... ။
📚 ၁၄ အုပ်တွဲ