သွေးကြောပိတ်ဆို့တဲ့ရောဂါ မွေးရာပါ ပါလာတဲ့ အမိမဲ့သားလေး "လီကျန်ချိန်" ဟာ ဖခင်ဖြစ်သူ "လီအင်းကျိတ်" ရန်သူတွေရဲ့ ဝိုင်းဝန်းလုပ်ကြံခံရပြီး သေဆုံးသွားတဲ့နောက် ကျန်ရစ်တဲ့ ပစ္စည်းဥစ္စာတွေကို အပိုင်စီးချင်တဲ့ အိမ်ထိန်းတွေ၊ အိမ်ဖော်တွေရဲ့ နှိပ်စက်မှုကိုခံရပြီး အိမ်က ထွက်ပြေးလာခဲ့ရပါတယ်။
သိုင်းပညာသင်ပေးဖို့ "ရှောင်လင်ဂိုဏ်း" နဲ့ "ဝှာဆန်းဂိုဏ်း" ကို အားကိုးတကြီး သွားခဲ့ပေမယ့် နှင်လွှတ်ခံခဲ့ရတဲ့ "လီကျန်ချိန်" ဟာ ကံကောင်းထောက်မစွာ "လောင်မီးသြဇာသီး" နဲ့ "ကျောက်နိုဝတ်ရည်" ကို စားသောက်ခဲ့ရတဲ့အတွက် ရောဂါပျောက်ကင်းခဲ့တဲ့အပြင် ထိပ်တန်းသိုင်းပညာရှင်ကြီးတွေနဲ့ ဆုံဆည်းပြီး "ဝါးစိမ်းတုတ်သိုင်း"၊ "ကြယ်တံခွန်သိုင်း"၊ "မီးလက်ဝါးသိုင်း" နဲ့ "မိုးမြေအုပ်စိုးသိုင်း" တို့ကို တတ်မြောက်ခဲ့ပြီးတဲ့အခါမှာတော့ ... ။
( ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တက္ကသိုလ်ဝင်းကြွယ် ရဲ့ "ကံကြမ္မာလမ်းကြောင်းပေါ်က သိုင်းသမား"၊ ၄ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ကြယ်ကြွေဟန်နှင့် ဆည်းဆာမာန်"၊ ၆ အုပ်တွဲ သိုင်းစာစဥ်၊ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "မိုက်မိုက်မဲမဲစိန်ခေါ်သံ"၊ ၄ အုပ်တွဲ သိုင်းစာစဥ်တို့နဲ့ ဇာတ်ကောင်အမည်နဲ့ ဇာတ်လမ်း ဇာတ်ကွက်တချို့သာ ကွဲပြားပြီး အတူတူပဲဖြစ်ပါတယ်။)
📚 ၄ အုပ်တွဲ