တရုတ်ပြည်ကို မန်ချူးတွေ သိမ်းပိုက်ဖို့ တာစူနေဆဲကာလမှာ သိုင်းလောကထဲ မျိုးချစ်သိုင်းသမားတွေက တစ်ဖက်၊ မန်ချူးသစ္စာခံ သိုင်းသမားတွေက တစ်ဖက် အခြေအနေတွေ ရှုပ်ထွေးနေပြီး သိုင်းသမားကြီး "ချန်ချင်" က ထင်ရှားတဲ့ မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို "ဝူဆန်ကွေး" ကလည်း ထင်ရှားတဲ့ မန်ချူးဘက်တော်သားတစ်ဦးဖြစ်ပါတယ်။
မျိုးချစ်သိုင်းသမားကြီး "ချန်ချင်" မှာ "ဝါတိတ်" နဲ့ "ဝေကွမ်" ဆိုတဲ့ တပည့် ၂ ဦးရှိပြီး "ဝေကွမ်" ဟာ အမှတ်မထင်ဆုံစည်းခဲ့တဲ့ မိန်းမလှလေး ကျာပွတ်မယ် "မေလွမ်" ကို စိတ်ဝင်စားမိခဲ့တာကြောင့် ဆရာဖြစ်သူထံက ထွက်ခွာကာ "ကျာပွတ်မယ်" ထံမှာ သိုင်းပညာသင်ကြားခဲ့ပါတယ်။
ဒါပေမဲ့ "ကျာပွတ်မယ်" ဟာ သူမရဲ့ ကိုယ်ရေးရာဇဝင်ကို သိုသိပ်လျှို့ဝှက်ထားတဲ့အပြင် မန်ချူးသစ္စာခံတွေနဲ့လည်း ပတ်သက်နေမှန်း သိလာရတဲ့အခါ မျိုးချစ်စိတ်ရှိသူ "ဝေကွမ်" ဟာ ကျာပွတ်မယ် "မေလွမ်" ကို စွန့်ခွာပြီး ခြေဦးတည့်ရာ သွားလာနေခဲ့ပါတယ်။
တစ်ဖက်မှာတော့ "ချန်ချင်း"၊ အရိပ်မဲ့သိုင်းသမား "ကျုံရိ"၊ "မာလူထု"၊ "ခန်းလင်" စတဲ့ မျိုးချစ်သိုင်းသမားတွေနဲ့ "ဝူဆန်ကွေး"၊ "လိုစီအင်"၊ "ဝေစင်ဟိုင်"၊ "ကျောက်ဆန်" စတဲ့ မန်ချူးဘက်တော်သားတွေဟာ မကြာခဏ တစ်ဖက်ကို တစ်ဖက် အကဲစမ်းနေကြပြီး အနိုင် အရှုံးဟာလည်း သူတစ်ပြန် ကိုယ်တစ်ပြန်ပဲ ဖြစ်နေခဲ့ကြပါတယ်။
အဲဒီအချိန်မှာ "ကျာပွတ်မယ်" ကို စွန့်ခွာပြီး တစ်ကိုယ်တည်း ထွက်လာတဲ့ "ဝေကွမ်" တစ်ယောက် မမျှော်လင့်ဘဲ လိုဏ်ဂူတစ်ခုထဲမှာ အရှုးမဲ့သိုင်းသမား "ရှောင်အီလင်" ရဲ့ "ဧကရာဇာသိုင်းကျမ်း" ကို တွေ့ရှိ သင်ကြားခဲ့တာကြောင့် ထိပ်တန်း သိုင်းပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
သိုင်းသမားကြီး "ချန်ချင်" ရဲ့ နောက်ထပ်တပည့်တစ်ဦးဖြစ်တဲ့ "ဝါတိတ်" ဟာလည်း ကိုယ့်ရဲ့သိုင်းပညာကို အားမရတာကြောင့် ဆရာဖြစ်သူထံက စိတ်ဓါတ်ကျ ထွက်လာရင်း ဒဏ်ရာရနေတဲ့ ဓါးစက်ပျံ "ထန်ကျန်ဖု" ကို ကူညီပေးမိခဲ့ရာက "ထန်ကျန်ဖု" ရဲ့ တပည့်ဖြစ်လာပြီး ထိပ်တန်းသိုင်းပညာရှင် ဖြစ်လာခဲ့သလို "ထန်ကျန်ဖု" ရဲ့သမီး "ခဲ့မေ" နဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။
တကယ်တော့ ကျာပွတ်မယ် "မေလွမ်" ဟာ ဓါးစက်ပျံ "ထန်ကျန်ဖု" ရဲ့ သမီးတစ်ဦးဖြစ်သလို မန်ချူးသစ္စာခံတွေကြား လှုပ်ရှားနေတဲ့ သူလျှိုတစ်ယောက်ဖြစ်တာကို "ဝေကွမ်" သိလိုက်ရပြီးနောက်မှာတော့ "ဝါတိတ်" နဲ့ "ခဲ့မေ"၊ "ဝေကွမ်" နဲ့ "မေလွမ်" တို့ လူငယ်လေးတွေဟာ ဆရာရင်းဖြစ်သူ "ချန်ချင်" ရဲ့ မန်ချူးတွန်းလှန်ရေးမှာ ပါဝင်လာကြရင်း ... ။
📚 ၃ အုပ်တွဲ