ဆင်းရဲသားလူငယ်လေး "ကွမ်ယု" နဲ့ သူဌေးသားသမီးတွေဖြစ်ကြတဲ့ "ဟူအင်ချန်" နဲ့ "ဟန်ရှင်" တို့ဟာ သိုင်းပညာကို ဝါသနာပါတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး ဘုရင့်သမီးတော် "ယီတာ" ရဲ့ သင်ကြားပေးမှုနဲ့ "ကွမ်ယု" က "တောင်သုံးလုံး ခြသေ့်သရဖူ" သိုင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် "ဟူအင်ချန်" ကလည်း "ယီတာ" ဆီမှာပဲ တပည့်ခံခဲ့ပါတယ်။
ဒါပေမဲ့ မိန်းကလေး "ဟန်ရှင်" ကတော့ စိတ်ဓါတ်ခက်ထန်ပြီး ထင်ရာလုပ်တတ်တဲ့ ဘုရင့်သမီးတော်ကို ဆရာမတင်ဘဲ သူရူးသိုင်းသမား "စူစီဝေ့" ထံ သွားရောက်သင်ကြားကာ ၃ နှစ်အကြာမှာ "ဟူအင်ချန်" နဲ့ သိုင်းယှဥ်ပြိုင်ဖို ချိန်းဆိုခဲ့ပါတယ်။
"ယီတာ" ထံမှာ သိုင်းသင်ကြားနေကြတဲ့ "ကွမ်ယု" နဲ့ "ဟူအင်ချန်" တိုဟာ အတွင်းအားတိုးဆေး စမ်းသပ်မှုတွေကြောင့် စိတ်မူမမှန်ဖြစ်ခဲ့ကြရပြီး "ကွမ်ယု" ကို စိတ်ဝင်စားနေတဲ့ "မြွေပါ ကျင်လင်" က "ယီတာ" နဲ့ တိုက်ခိုက်ကာ "ကွမ်ယု" ကို ကယ်ထုတ်သွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း "ယီတာ" ဟာ "ကျင်လင်" ရဲ့ အဆိပ်မိခဲ့တဲ့အတွက် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသလို ၃ နှစ်အကြာမှာ "ဟန်ရှင်" နဲ့ သိုင်းယှဥ်ပြိုင်ခဲ့တဲ့ "ဟူအင်ချန်" ဟာလည်း ရှုးနိမ့်ပြီး မျက်နှာပျက်စီးသွားခဲ့တာကြောင့် သူငယ်ချင်းတွေကြားမှာ ရန်ငြိုးတွေ ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် "ကွမ်ယု" ကို ချစ်မိနေတဲ့ "ဟန်ရှင်" ဟာ "ကွမ်ယု" ရှိရာနေရာကို ခြေရာခံလိုက်ရှာပြီး "မြွေပါ ကျင်လင်" ထံက ပြန်ခေါ်လာခဲ့ပေမယ့် မမျှော်လင့်ဘဲ သိုင်းလောကရဲ့ ဒဏ္ဍာရီ နယ်မြေတစ်ခုဖြစ်တဲ့ "မျောက်စမ်းချောင်း ရွှေနယ်မြေ" ကို ရောက်ရှိသွားကြတဲ့အခါ ဆင်းရဲသားလေး "ကွမ်ယု" တစ်ယောက် သူ့ဘဝရဲ့ ဖြစ်စဥ်အမှန်တွေကို သိလိုက်ရပြီးနောက် ... ။
📚 ၅ အုပ်တွဲ