ဓါးတစ်ချက် "ခန်းချောင်" ဟာ မွေးစားဖခင်ဖြစ်သူ နေလကျေးရွာပိုင်ရှင် "တုကုဟန်" ကို လုပ်ကြံသတ်ဖြတ်ပြီး သိုင်းကျမ်းနဲ့ မြေပုံကို ယူဆောင်ထွက်ပြေးသွားတယ်လို အစွပ်စွဲခံရတဲ့အတွက် သိုင်းလောကရဲ့ ရာဇဝတ်ကောင်သဖွယ် ဖြစ်နေရပါတယ်။
တစ်ရက်မှာတော့ သိုင်းကျမ်းနဲ့ မြေပုံကို လိုချင်နေတဲ့ "ဟင်္သာမောင်နှံ" ရဲ့ တိုက်ခိုက်မှုကြောင့် "ခန်းချောင်" တစ်ယောက် ဒဏ်ရာရခဲ့ပြီး မိန်းမလှလေး "ယွဲဝါကျင်း" ရဲ့ ကယ်တင်ပေးမှုကို ခံခဲ့ရပါတယ်။
တကယ်တော့ "ယွဲဝါကျင်း" ဟာ "နေလကျေးရွာ" ကို တိုက်ခိုက်ဖျက်ဆီးပြီး သူ့အပေါ် သတင်းမှားတွေ ထုတ်လွှင့်ခဲ့တဲ့ အမည်မသိ "ကြေးဝါရောင် မျက်နှာဖုံးပိုင်ရှင်" နဲ့ ပတ်သက်နေလိမ့်မယ်လို့ "ခန်းချောင်" သိထားခဲ့ပါတယ်။
ဒါပေမဲ့ သူက "ယွဲဝါကျင်း" ကတဆင့် အမည်မသိ "ကြေးဝါရောင် မျက်နှာဖုံးပိုင်ရှင်" ကို ဖော်ထုတ်ချင်တဲ့အတွက် "ယွဲဝါကျင်း" ကို မသတ်ဖြတ်ဘဲ အသက်ရှင်ခွင့် ပေးခဲ့ပါတယ်။
မကြာခင်မှာတော့ မိန်းမလှလေး "ယွဲဝါကျင်း" ကိုယ်တိုင်ဟာလည်း အဆိပ်နဲ့ ထိန်းချုပ်စေခိုင်းခံနေရသူ ဖြစ်တဲ့အပြင် သူ့ရဲ့ဘဝကို ရှင်လျက်နဲ့ သေသူဖြစ်အောင် ပြုလုပ်ချင်နေတဲ့ မိန်းကလေးတစ်ဦးက နောက်ကွယ်က ကြိုးကိုင်နေတာကို သိလိုက်ရတဲ့အခါ ... ။
📚 ၂ အုပ်တွဲ