သိုင်းလောကမှာ ကျင်လည်နေတဲ့ တကိုယ်တော်သိုင်းသမား "တုရှောက်ဖုံး" ဟာ ရန်သူတွေလက်ချက်နဲ့ မီးလောင်ပြာကျနေတဲ့ "စိုကျားဂေဟာ" ဂေဟာအနီးက ဖြတ်သန်းရင်း အသက်ရှင်နေတဲ့ ကလေးငယ် "စိုကျုံးပု" ကို တွေ့ရတဲ့အတွက် သိုင်းလောကရဲ့ ရန်ငြိုးသံသရာက ကင်းဝေးအောင် အလွန်ဝေးလံတဲ့ "စင်းကျန်ဒေသ" က "ချင်းကုန်းဘုရားကျောင်း" ကို ခေါ်သွားပြီး အရွယ်ရောက်လာတဲ့အခါ "ချူကွန်" ဆိုတဲ့ ဘွဲအမည်နဲ့ သာသနာ့ဘောင် ဝင်စေဖို့ ကျောင်းထိုင် ဆရာတော်ထံ အပ်နှံခဲ့ပါတယ်။
ဒါပေမဲ့ တချိန်က အကောက်ကြံခဲ့တဲ့ "စင်းကျန်" သိုင်းသမား "တုထိပါး" ကို လက်စားချေလိုတဲ့ ပြည်မထိပ်သီးသိုင်းသမားကြီးတွေက "ကိုရင်လေး ချူကွန်" ကိုပဲ တပည့်အဖြစ်ရွေးချယ်ကာ သိုင်းပညာတွေ ဝိုင်းဝန်းသင်ကြားပေးခဲ့တာကြောင့် "စိုကျုံးပု" ဟာ အရှုပ်အထွေးတွေထဲ မရောက်ချင်ဘဲ ရောက်လာရပါတော့တယ်။
"ချိုင်းထောက် လုံကု"၊ "တဖက်လပ် အဖွားအို လူမား"၊ "ရောဂါသည်သိုင်းသမား ကျန်ဝမ်း"၊ "ညတစ္ဆေ ဝမ်းကျုံး"၊ "ဝမ်ကျောင်း"၊ "ချိုစိန်"၊ "ထိတိ" တိုရဲ့ ထိပ်တန်းသိုင်းပညာတွေနဲ့ "စင်းကျန် သိုင်းသမား တုထိပါး" ကို ရင်ဆိုင်ရာမှာ ကိုရင်လူထွက်ကလေး "ချူကွန်" ဟာ အခက်အခဲ မရှိလှပေမယ့် မိန်းမလှလေးတွေဖြစ်တဲ့ "စုစုအင်း" နဲ့ "မိုလင်းနု" တို့နှစ်ယောက်ကြားက မေတ္တာရေးမှာတော့ လူရိုးကလေးဟာ ကြီးကြီးမားမား ထိခိုက်ခံစားခဲ့ရသလို အတိတ်ကာလက မိဘနှစ်ပါးနဲ့ "တုရှောက်ဖုံး"၊ "တုထိပါး" တို့ရဲ့ ၄ ပွင့်ဆိုင် အဖြစ်အပျက်တွေကို သိရှိသွားတဲ့အခါမှာတော့ ... ။
(တက္ကသိုလ်နေလင်းအောင် ရဲ့ "သရဖူငြင်းသော သိုင်းဧကရာဇ်"၊ ၇ အုပ်တွဲ သိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ပူတာလကျောင်းတော်သား"၊ ၆ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်ကောင်အမည်နဲ့ ဇာတ်လမ်းဇာတ်ကွက် တချို့ကလွဲပြီး အတူတူပဲ ဖြစ်ပါတယ်။ "ပူတာလ ကျောင်းတော်သား" ကို ၂၀၀၆ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚 ၇ အုပ်တွဲ