၁၉၆၆ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာရေးဆရာကြီး "ကုလုံ" ရဲ့ "Legendary Siblings" ကို "တက္ကသိုလ်နေလင်းအောင်" က ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
မွေးကတည်းက ကွဲကွာသွားပြီး ဆန့်ကျင်ဘက်မှာ ကြီးပြင်းလာခဲ့ရတဲ့ အမြွှာညီအစ်ကို နှစ်ယောက်အကြောင်း ရေးသားထားတဲ့ ဒီဝတ္ထုကို ၁၉၇၁ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း "The Legendary Siblings (1)"၊ "The Legendary Siblings (2)"၊ "Handsome Twin"၊ "The Proud Twin"၊ "Two Most Honourable Knights"၊ "Kung Fu Divas"၊ "Handsome Siblings" စတဲ့ နာမည်အမျိုးမျိုးနဲ့ ဇာတ်ကား ၄ ကား၊ တီဗွီရုပ်သံဇာတ်လမ်းတွဲ ၈ တွဲ ထွက်ရှိခဲ့ပါတယ်။
မြန်မာပရိသတ်တွေ အသိများကြတာကတော့ Jimmy Lin (သွမ်ယိ) နဲ့ Alec Su (ကျန်းဝူကျိ) တို့က "ကျန်းရှောင်ရီ (ငါးကလေး)" နဲ့ "ဟွားဝူချွန်း" အဖြစ် သရုပ်ဆောင်ထားတဲ့ ၁၉၉၉ ခုနှစ်ထွက် "The Legendary Siblings (1)" ဇာတ်ကားဖြစ်ပြီး ၂၀၀၅ ခုနှစ်ထွက် "The Proud Twin" နဲ့ ၂၀၂၀ ထွက် "Handsome Siblings" တို့ကိုလည်း အကြည့်များကြပါတယ်။
သိုင်းလောကသား အများစုကတော့ "မီးလျှံကြားက သွေးသစ္စာ"၊ "ငါးကလေး"၊ "အမြွှာညီနောင် သိုင်းထွဋ်ခေါင်" စတဲ့ ဇာတ်ကား အမည်တွေကို ရင်းနှီးကြပြီးသား ဖြစ်မှာပါ။
("တက္ကသိုလ်နေလင်းအောင်" ရဲ့ "သေရွာပြန်ရဲ့အလွမ်းကဗျာ"၊ ၈ အုပ်တွဲ သိုင်းစာစဥ်နဲ့ "မိုးကျော်သူ" ရဲ့ "ရန်သူ့ရင်သွေး"၊ ၅ အုပ်တွဲသိုင်းစာစဥ်ဟာ ရေးသားတင်ဆက်ပုံ ကွဲပြားပေမယ့် မူရင်းဇာတ်လမ်းကတော့ အတူတူပဲဖြစ်ပါတယ်။)
📚 ၈ အုပ်တွဲ