စစ်ဘက်ဆိုင်ရာ အမတ်ချုပ်ကြီး "စင်ကာကူ" ကို ရန်သူတော်ဖြစ်တဲ့ "ချောင်ပိုနယ်စား ကျိုတောင်" က လုပ်ကြံချိန်မှာ တပည့်ဖြစ်သူ "ရေခုနစ်လွှာဓါးသမား ကျန်းစီးမုံ" ဟာ "စင်ကာကူ" ရဲ့သား "စန်ချီယာ" ကို ခေါ်ဆောင်ပြီး "ဟွမ်ဟိုမြစ်ဝှမ်း" မှာ ဇာတ်မြှုပ်နေတဲ့ အမတ်ကြီးဟောင်း "ချူယွန်" ထံ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ခြေရာခံလိုက်လာတဲ့ ရန်သူတွေကြောင့် နေရာပေါင်းများစွာကို လှည့်လည်တိမ်းရှောင်နေခဲ့ရပါတယ်။
ကလေးငယ် "စန်ချီယာ" ဟာ "သိုင်းဧကရာဇ် ဖြစ်လိမ့်မယ်" ဆိုတဲ့ ထူးခြားတဲ့ အတိတ်တဘောင်နဲ့ မွေးဖွားလာခဲ့သူဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း သိုင်းကွက်ပုံစံ လက္ခဏာအရေးအကြောင်းတွေ ရှိနေတဲ့အတွက် သိုင်းဧကရာဇ် ဖြစ်လိုတဲ့ "နယ်စား ကျိုတောင်" က သိုင်းကွက်တွေ ရရှိဖို့ ကလေးငယ်ကို အသည်းအသန် လိုက်လံရှာဖွေနေတာ ဖြစ်ပါတယ်။
ဒါကြောင့် "ကျန်းစီးမုန်" လည်း "ချူယွန်" ရဲ့ သမီး "ကျင်အိမေ" ကို လက်ထပ်ပြီး ပိုးကုန်သည် မိသားစုအဖြစ် "စန်ဂျင်မြို" မှာ ဇာတ်မြှုပ်နေထိုင်ခဲ့ပေမယ့် "ကျန်းစီးမုန်" ဟိမဝန္တာကို ခရီးသွားနေခိုက် "ချူယွန်" တို ၃ ဦးဟာ "ကလေးဖမ်းဂိုဏ်း" လက်ချက်နဲ့ ပျောက်ဆုံးသွားခဲ့ရာ ၁၀ နှစ်အကြာမှ ပြန်တွေ့ခဲ့ရပါတယ်။
အဲဒီနောက် "စန်ချီယာ" ကို "ကွမ်ကျင်ရှားကျောင်းတော်" ပိုပြီး သိုင်းပညာသင်ကြားဖို့ စီစဥ်နေစဥ်မှာ ဓါးပြတွေလက်ချက်နဲ့ ချောက်ထဲပြုတ်ကျသွားခဲ့ပြန်တာကြောင့် ၃ နှစ်အကြာမှ ပြန်ရှာတွေ့ခဲ့ရပြီးနောက်ပိုင်း တရုတ်နိုင်ငံအနှံ လှည့်လည်နေထိုင်ရင်း ကိုယ်တိုင်ပဲ သိုင်းပညာသင်ပေးခဲ့ရပါတယ်။
နောက်ဆုံးမှာ ရန်သူတွေ ထင်မှတ်မထားနိုင်မယ့် "ဟွမ်ဟိုမြစ်ဝှမ်း" က ဇာတိရွာမှာ ပြန်ခြေချခဲ့ပေမယ့်လည်း "ဘုရင်ဧကရာဇ်" အဖြစ်ရော၊ "သိုင်းဧကရာဇ်" အဖြစ်ပါ ကြံစည်နေတဲ့ "ချောင်ပိုနယ်စား ကျိုတောင်" က ရှာဖွေတွေ့ရှိသွားပြန်ပြီး "အချစ်"နဲ့ ထောင်ချောက်ဆင်ဖမ်းတဲ့အခါ ... ။
(တက္ကသိုလ်နေလင်းအောင် ရဲ့ "သိုင်းဧကရာဇ်၏ ရုပ်ပုံလွှာ"၊ ၈ အုပ်တွဲ သိုင်းစာစဥ်ဟာ သုတေသနပညာရှင် ပါမောက္ခ ချူလီကွမ်း တူးဖော်တွေ့ရှိခဲ့တဲ့ "ရှေးဟောင်း ပိုးသားလွှာ" ပါ ကိုယ်ရေးမှတ်တမ်းကို ပြန်လည်ဖော်ပြတဲ့ပုံစံနဲ့ ဇာတ်အိမ်ဖွဲ့ ရေးသားထားတာ ဖြစ်ပါတယ်။)
📚 ၈ အုပ်တွဲ