ကိုယ်ဖော့ပညာကလွဲလို သိုင်းပညာ ဟုတ်တိပတ်တိ မတတ်ပေမယ့် သူတပါးကို ကူညီလိုစိတ်ရှိသူဖြစ်တာကြောင့် ဦးလေးဆရာ သိုင်းထိပ်သီး "ချန်ပိုင်ဖုန်း" ရဲ့ စေခိုင်းမှုကို လုပ်ဆောင်ပေးရင်း သိုင်းလောကပြသနာတွေထဲ ဘုမသိ ဘမသိ ဝင်ရောက်လာခဲ့တဲ့ သရဲအရိပ် "ကျော်ပိုင်ချူး" ရဲ့သား "ချန်ပိန်း" နဲ့ မိဘမဲ့ဘဝနဲ့ ကြီးပြင်းလာခဲ့ရပြီး ဖခင်အား သတ်သူကို စုံစမ်းနေတဲ့ "ကျန်လု" ဂိုဏ်းချုပ်ကြီး "ယန်လု" ရဲ့သားတပည့် "ပိုင်ထက်ကျွင်း" တို့ တိုက်တိုက်ဆိုင်ဆိုင် ဆုံစည်းမိရင်း မိတ်ဆွေရင်းချာ ဖြစ်လာခဲ့ကြပါတယ်။
အဲဒီနောက် တချိန်က မသမာသူတစ်ယောက်ရဲ့ အကွက်ချလုပ်ကြံမှုကြောင့် "ထူမုရဲတိုက်အရေးအခင်း" မှာ ဒုက္ခကြုံခဲ့ရတဲ့ သူတို့ရဲ့ ဆရာမိဘတွေဖြစ်ကြတဲ့ "သိုင်းထိပ်သီး ချန်ပိုင်ဖုန်း"၊ "သရဲအရိပ် ကျော်ပိုင်ချူး" နဲ့ "ကျန်လုဂိုဏ်းချုပ်ကြီး ယန်လု" တို့ရဲ့ အဖြစ်မှန်ကို ဖော်ထုတ်ဖို့ မျိုးဆက်သစ်ဖြစ်တဲ့ သူတို့နှစ်ဦးက ဆုံးဖြတ်ခဲ့ကြပါတယ်။
သိုင်းလောကရဲ့ အဖိုးတန် "ယီချန်းဓါးမြတ်" ကို ရထားပေမယ့် သိုင်းမတတ်တာကြောင့် တိုက်ပွဲဖြစ်တိုင်း ထွက်ပြေးနေရတဲ့ "ချန်ပိန်း" ဟာ "ဗိုလ်ချုပ် ရဲ့ဝေး" ရဲ့ သင်္ချိုင်းဂူထဲက "ဝင်္ကပါပညာ"နဲ့ "လက်သီးဘုရင်သိုင်းကျမ်း" ရရှိပြီး သိုင်းတတ်လာပေမယ့် အတွင်းအားမရှိ ဖြစ်နေချိန်မှာ ရန်သူ့လက်ချက်နဲ့ ပျံလွန်ကာနီးဆဲဆဲဖြစ်နေတဲ့ "ကျင်းရှားဂိုဏ်း" က "လပျံ ဘုန်းတော်ကြီး" နဲ့ အဆိပ်မိနေတဲ့ "တုံညီအစ်ကို" တို့ဆီက အတွင်းအားရရှိခဲ့ပါတယ်။
"ထူမုရဲတိုက်အရေးအခင်း" ရဲ့ အဓိကတရားခံဖြစ်သူ မြောက်ပိုင်း "ဝေသိမ့်ကို" ကို ခြေရာခံမိသွားတဲ့ "ပိုင်ထက်ကျွင်း" ဟာလည်း ရင်ဆိုင်တိုက်ပွဲမှာမယှဥ်နိုင်ဘဲ ချောက်ထဲပြုတ်ကျခဲ့ရပေမယ့် အသက်မသေဘဲ "လျှို့ဝှက်အတွင်းအားကျင့်စဥ်" ရရှိခဲ့တာကြောင့် ပိုမိုထက်မြက်လာတဲ့အပြင် "အမတ်ကြီး ကျိုးကုံမိန်" ရဲ့ မှတ်တမ်းစာအုပ်ကြောင့် ရန်သူကို ရှင်းရှင်းလင်းလင်း သိလိုက်ရပြီး ရန်သူက ခေါ်ဆောင်သွားလို့ ငယ်စဥ်ကတည်းက ကွဲကွာသွားခဲ့တဲ့ ညီငယ်နဲ့ ပြန်လည်ဆုံစည်းမိတဲ့အခါမှာတော့ ... ။
📚 ၁၀ အုပ်တွဲ