"သိုင်းလောက၏ စိန်ခေါ်သံ" ဟာ ၁၉၆၇ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ တရုတ်စာရေးဆရာ ကျင်းယုံရဲ့ လက်ရာ သိုင်းဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မူရင်းဝတ္ထုအမည်က " The Smiling, Proud Wanderer" ဖြစ်ပါတယ်။
ဒီဝတ္ထုဟာ ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ်လည်း အောင်မြင်ခဲ့ပြီး "သိုင်းလောက၏ စိန်ခေါ်သံ" လိုပဲ အမည်ပေးထားတဲ့ အဲဒီဇာတ်လမ်းတွဲထဲက ဇာတ်လိုက်ကျော် "လင့်ဟူချုံး" နဲ့ "လိမ့်ယဥ်ယဥ် (နတ်ကလျာ)" ကိုတော့ သိုင်းလောကသားတွေ ကောင်းကောင်း သိကြပါလိမ့်မယ်။
(တက္ကသိုလ်နေလင်းအောင် ရဲ့ "သိုင်းလောက၏စိန်ခေါ်သံ" ၈ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်လမ်းတူပြီး ရေးဟန်ပဲ ကွဲပြားတဲ့ နောက်ထပ်သိုင်းစာစဥ်တစ်ခုက "တက္ကသိုလ်ဝင်းကြွယ်" ရဲ့ "သိုင်းလောကပြက်လုံး" ၁၂ အုပ်တွဲ သိုင်းစာစဥ်ဖြစ်ပါတယ်။ "သိုင်းလောက၏စိန်ခေါ်သံ" ရော၊ "သိုင်းလောကပြက်လုံး" ပါ ၁၉၈၁ ခုနှစ်၊ မေလမှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်)
📚 စဆုံး [Typical PDF]