"ဝူချန်မြို" က အဖြူရောင်သိုင်းသမား သစ္စာဓါး "ဝူယန်ကောင်း" နဲ့ ဇနီး "ယန်ချင်းလီ" တိုဟာ "ဓါးဘုရင်" နဲ့ "မိစ္ဆာငါးဖော်" တိုရဲ့ လက်ချက်နဲ့ အသက်ဆုံးပါးခဲ့ရပြီးနောက် သားဖြစ်သူ "ဝူယန်လီ" တစ်ယောက် "လအရိပ်မြေပုံ" နဲ့အတူ ထွက်ပြေးခဲ့ရပါတယ်။
ဒါပေမဲ့ "ဝူယန်လီ" တစ်ယောက် "ဓါးဘုရင်" ရဲ့ လက်က လွတ်မြောက်အောင် ထွက်မပြေးနိုင်ခဲ့တဲ့အတွက် လက်ဝါးရိုက်ချက်ထိပြီး ချောက်ထဲပြုတ်ကျသွားတဲ့အတွက် မျက်နှာတစ်ထောင် "ချူယီ" က ကယ်တင်ကာ သိုင်းပညာသင်ပေးခဲ့ပါတယ်။
နှစ်အနည်းငယ်ကြာမြင့်ပြီးတဲ့နောက် "ဝူယန်လီ" ဟာ သိုင်းလောကထဲ ဆင်းလာခဲ့ပေမယ့် ရန်သူ "ဓါးဘုရင်" ကို သွေးကြွေးဆပ်နိုင်ဖိုနေနေသာသာ သူ့မှာရှိတဲ့ "လအရိပ်မြေပုံ" ကို လုယက်သူတွေရဲ့ရန်ကိုတောင် မကာကွယ်နိုင်တဲ့အတွက် မိန်းကလေး "ပိုင်စုလင်း" က ဝင်ရောက်ကူညီပေးခဲ့ရပါတယ်။
သူ့ရဲ့ နိမ့်ကျနေတဲ့ သိုင်းစွမ်းအပေါ် စိတ်ဓါတ်ကျသွားတဲ့ "ဝူယန်လီ" လည်း လူသူမနီးတဲ့ "ဝူခြူးတောအုပ်" ထဲမှာ ခြေရာဖျောက်နေထိုင်ရင်း သိုင်းပညာထပ်မံလေ့ကျင့်ခဲ့ရာမှာတော့ ကံကောင်းထောက်မစွာ ဥမင်လိုဏ်ဂူ တစ်ခုအတွင်းက "ဝုရှန့်သိုင်းသမားကြီး" ရဲ့ "အဆင့်မြင့်သိုင်းကျမ်း" ကို ရရှိခဲ့ပါတယ်။
ကံကောင်းချင်တော့လည်း ဆက်တိုက်ဆိုသလို လိုဏ်ဂူထဲမှာပဲ အတွင်းအားတိုးပွားစေတဲ့ "ဖားနီသား" တွေ စားသောက်ခွင့်ရခဲ့ပြီး "ဝူယန်လီ" ဟာ သိုင်းပညာရော၊ အတွင်းအားပါ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။
"ဝူယန်လီ" တစ်ယောက် သိုင်းလောကထဲ တကျော့ပြန် ရောက်ရှိလာချိန်မှာတော့ "ရွှေဝါရောင်ဂိုဏ်း" ဟာ သိုင်းလောကကို လွှမ်းမိုးချုပ်ကိုင်ဖို ကြိုးစားနေပြီး "ဝူယန်လီ" လည်း မိတ်ဆွေတွေဖြစ်တဲ့ မိန်းကလေး "ပိုင်စုလင်း"၊ "ထိုက်စန်းငါးဖော်" တို့နဲ့အတူ သိုင်းလောကကောင်းကျိုးကို ဆောင်ရွက်ရင်း တဖက်ကလည်း မိဘသွေးကြွေးကို ဆပ်နိုင်ဖို ကြိုးစားခဲ့ပါတယ်။
ဒီလိုနဲ့ သိုင်းလောကမှာ ကျင်လည်ရင်း "ဝူယန်လီ" နဲ့ "ပိုင်စုလင်း" တိုဟာ ချစ်သူတွေ ဖြစ်သွားခဲ့ပြီး "လအရိပ်မြေပုံ" အညွှန်းအတိုင်း သိုင်းကျမ်းကို ရှာဖွေခဲ့ကြရာမှာတော့ သိုင်းကျမ်းကို မရခဲ့ပေမယ့် အတွင်းအားတိုးကာ အဆိပ်ပြီးစေတဲ့ "ဂမုန်းပန်းခြောက်" ကို ရရှိခဲ့ပါတယ်။
သိုင်းလောကထဲမှာတော့ "ရွှေဝါရောင်ဂိုဏ်း" ဟာ "ရှောင်လင်ဂိုဏ်း" ကို စိန်ခေါ်တိုက်ခိုက်လာတဲ့အတွက် "ဝူယန်လီ" လည်း "ရှောင်လင်ဂိုဏ်း" ဘက်က ပါဝင်တိုက်ခိုက်ပေးခဲ့ပြီး "ရွှေဝါရောင်ဂိုဏ်း" ရဲ့အန္တရာယ်ကို ကာကွယ်ပေးနိုင်ခဲ့ပေမယ့် သိုင်းအဓိပတိ "ရှောင်လန်း" ရဲ့ လက်ချက်ကြောင့် အတွင်းအားတွေ ပျောက်ဆုံးသွားတဲ့အခါ ... ။
📚 ၂ အုပ်တွဲ