လူငယ်သိုင်းသမား "ဆန်ကွမ်းချီ" ဟာ "ပိုင်မာစန်း" သစ်တောကြီးအတွင်းက ထူးခြားတဲ့ ပလွေဝိဇ္ဇာ ဒုက္ခိတအဖိုးအိုနဲ့ ဆုံတွေ့ပြီး အဆင့်မြင့်သိုင်းပညာတွေ ရရှိခဲ့ပြီးနောက် အဖိုးအိုကို အဆိပ်ခတ်လုပ်ကြံတဲ့အပြင် ဇနီးကိုပါ လုယူသွားတဲ့ အဖိုးအိုရဲ့ရန်သူကို လက်စားချေပေးဖို့ တာဝန်ရှိလာပါတယ်။
"ပိုင်မာစန်း" သစ်တောကြီးအတွင်းမှာ ဆုံတွေ့ခဲ့တဲ့ ကျေးတောသားလေး "ရှောက်ယွမ်" နဲ့အတူ သိုင်းလောကထဲကို ဆင်းလာရင်း မမျှော်လင့်ဘဲ "ဟူတန်း" ဂိုဏ်းချုပ်ကြီး "ရန်ရွယ်ရသေ့" ဆီက "ကျင့်ဆန်သိုင်း"၊ "ထိုက်ကျိဖေဓါးသိုင်း" နဲ့ "ကျုံကျင်အတွင်းအားသိုင်း" တွေပါ ထပ်မံရရှိခဲ့တာကြောင့် သိုင်းစွမ်းထက်လာတဲ့ "ဆန်ကွမ်းချီ" ဟာ အမှန်တရားဘက်တော်သားတွေဖြစ်တဲ့ ပညာရှိ "ထန်ရွှင်"၊ "နိုင်ချစ်နော်" တို့နဲ့အတူ "အတိတ်မေ့ဆေး" နဲ့ "အဆိပ်ဆေး" တွေ အသုံးပြုပြီး သိုင်းလောကကို ချုပ်ကိုင်ဖို ကြိုးစားနေတဲ့ "ဝမ်" ဂိုဏ်းချုပ်ကြီး "ကွန်လုံဝမ်" ကို နှိမ်နင်းနိုင်တဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်လာတဲ့အခါ ... ။
📚 ၁၂ အုပ်တွဲ