သိုင်းလောကပြိုင်ဘက်ကင်း ဘွဲရချင်တဲ့ "မီးအိမ်နီဂိုဏ်း" ရဲ့လက်ချက်နဲ့ "စိန်ချွန် လူထူးဆန်းလေးဦး" အပါအဝင် သိုင်းလောကသား အတော်များများဟာ အိမ်သူအိမ်သားတွေပါမကျန် သတ်ဖြတ်ခံခဲ့ရပေမယ့် "စိန်ချွန် လူထူးဆန်းလေးဦး" ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ "ရှိန်ရိ" ရဲ့သားဖြစ်သူ "ရှိန်ရက်" ကတော့ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
"ရှိန်ရက်" ဟာ "စိန်ချွန် လူထူးဆန်းလေးဦး" ရဲ့သိုင်းပညာနဲ့ သွေးကြွေးဆပ်ဖို့ မလုံလောက်တဲ့အတွက် ဆရာကောင်းရှာဖွေနေစဥ်မှာ "လုဗိုလ်ဂိုဏ်း" ရဲ့ ဂိုဏ်းချုပ်ကြီး "ပိုင်လိကျွီ" နဲ့ ဆုံတွေ့မိတာကြောင့် ၂၅ ဆက်မြောက် ဂိုဏ်းချုပ်သစ်ဖြစ်လာခဲ့သလို "တြိသူရဲကောင်း"ရဲ့ သိုင်းပညာလျှိဝှက်ချက် အညွှန်းစာကိုရရှိပြီး "ရှောင်လင်"၊ "ဝူတန်"၊ "ခွန်းလွန်"၊ "ဝါဆန်း"၊ "တင်းချန်"၊ "ငေါ်မေး" နဲ့ "ချွန်းကျုံးစန်" ဂိုဏ်းတွေရဲ့ သိုင်းကျမ်းတွေထဲမှာ လျှို့ဝှက်သိုင်းပညာကို လိုက်လံရှာဖွေနိုင်ခဲ့ပါတယ်။
သိုင်းဆရာကြီး "ကြိုဆို" ရဲ့ ကူညီမှု၊ မိုးမြေကြယ်တစ်စုံ "ဝှမ်းဝူ"၊ "ရှမ်းယာနမ်" တို့ သားအဖရဲ့ ထောက်ခံမှုတွေနဲ့ "ချွန်ချုံး" သိုင်းသမားတွေရဲ့ ဦးဆောင်သူဖြစ်လာတဲ့ လုဗိုလ်ဂိုဏ်းချုပ် "ရှိန်ရက်" ဟာ "တြိသူရဲကောင်း" ရဲ့ "ရင်ဟန့်" သိုင်းပညာကို ရရှိခဲ့ပြီးနောက် "မီးအိမ်နီဂိုဏ်း" ကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ သူရည်မှန်းသလို ဖြစ်မလာခဲ့ဘဲ အကောက်ကြံခံရပြီး "မုဒိမ်းကောင်" အဖြစ် နာမည်ပျက်ခဲ့ရတဲ့အပြင် သူ့လိုပဲ "မီးအိမ်နီဂိုဏ်း" ကို တိုက်ခိုက်နေတဲ့ "ခုံချဲလင်သခင်" နဲ့လည်း ထိပ်တိုက်တွေ့ခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ငယ်စဥ်ကတည်းက သူ့ကို အကြိမ်ကြိမ်ကယ်တင်ခဲ့ဖူးတဲ့ အဆိပ်ဘုရင်" ဆွေမင့်" ရဲ့ သမီး "ဆွေကျင်မွန်" ရဲ့ ထပ်မံကူညီမှုနဲ့ "ရှိန်ရက်" တစ်ယောက် သိုင်းလောကမှာ နာမည်ပျက်ယွင်းမှုကို ပြန်လည်ဖြေရှင်းနိုင်ခဲ့သလို "မီးအိမ်နီဂိုဏ်း" ကိုလည်း ဖြိုခွင်းနိုင်ခဲ့ပြီး မိဘရန်ကြွေးကို အဆုံးသတ်နိုင်ခဲ့ပေမယ့် "ဆွေကျင်မွန်"၊ "ရှမ်ယာနမ်"၊ "ဘွန်ကျယ်ကြွင်း"၊ "ကျိဝှမ်းကျင်း"၊ "ဖန့်ဝမ်လန်" စတဲ့ မိန်းကလေးတွေရဲ့ကြားက အချစ်ရေးမှာတော့ ... ။
📚 ၅ အုပ်တွဲ