လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"ကျက်ရွှန်" အာမခံဌာန က "ချန်မန်း"၊ "ဖိန်နန်း" မြိုစားစံအိမ် က "ကျန်းချုံ"၊ သူဌေးကြီး "ဝါရီ" အပါအဝင် ထိပ်သီးသိုင်းသမားများစွာဟာ အမည်မသိ "ပန်းထိုးသိုင်းသမား" တစ်ဦးရဲ့ လက်ချက်နဲ့ မျက်မမြင်တွေ ဖြစ်ကုန်ကြတဲ့အပြင် အဖိုးတန်ရတနာပစ္စည်းများစွာလည်း ပျောက်ဆုံးကုန်တာကြောင့် ငြိမ်ငြိမ်မနေတတ်တဲ့ "လုရှောင်ဖုန့်" တစ်ယောက် "ပန်းထိုးသိုင်းသမား" ကို ခြေရာခံလိုက်ခဲ့ပါတယ်။
"ဖိန်နန်း" မြို့စားစံအိမ်မှာ ချန်ထားရစ်တဲ့ "ပန်းထိုးပုဝါ" က တဆင့် "ပန်းထိုးသိုင်းသမား" ကို စုံစမ်းကြည့်တဲ့အခါ မြိုစားစံအိမ် အုပ်ချုပ်ရေးမှူး "ကျင်းကြိုလင်"၊ သူခိုးဝိဇ္ဇာ ကြယ်ချွေ "ဆက်တူ" နဲ့ မိန်းကလေး "ချီပင်း" တို့က ဝိုင်းဝန်းကူညီပေးခဲ့ကြပြီး ရရှိလာတဲ့ သဲလွန်စတွေအရ မိန်းကလေးတွေနဲ့ ဖွဲစည်းထားတဲ့ "ဖိနပ်နီဂိုဏ်း" က "ကုန်းစွန်းမမကြီး" ကို "ပန်းထိုးသိုင်းသမား" အဖြစ် သံသယ ရှိခဲ့ပါတယ်။
ဒါကြောင့် "လုရှောင်ဖုန့်" ဟာ သူငယ်ချင်းဖြစ်သူ "မြွေဘုရင်" ရဲ့ အကူအညီကိုရယူပြီး "ဖိန်နန်း" မြိုစားစံအိမ်က အခင်းဖြစ်ပွားရာနေရာကို ဝင်ရောက် စူးစမ်းကြည့်တဲ့အခါ ဒီဖြစ်ရပ်မှာ "အတွင်းသစ္စာဖောက်" တစ်ယောက် ပါဝင်နေတာကို သိလိုက်ရပေမယ့် "ဖိနပ်နီဂိုဏ်း" က "ကုန်းစွန်းမမကြီး" ရဲ့ လက်ချက်နဲ့ "မြွေဘုရင်" သေဆုံးသွားတဲ့အခါမှာတော့ တရားခံ "ပန်းထိုးသိုင်းသမား" ဆိုတာ "ကုန်းစွန်းမမကြီး" ဖြစ်ကြောင်း အားလုံးက ကောက်ချက်ချခဲ့ကြပါတယ်။
ဒါပေမဲ့ အရာရာကို သံသယထားလေ့ရှိတဲ့ "လုရှောင်ဖုန့်" ကတော့ သဲလွန်စတွေ အလွယ်တကူ ကျန်နေတတ်တဲ့ "ကုန်းစွန်းမမကြီး" ထက် "အတွင်းသစ္စာဖောက်" ကို ပစ်မှတ်ထားပြီး ကွင်းဆက်တွေကို ဆွဲထုတ်တဲ့အခါမှာတော့ တရားခံ "ပန်းထိုးသိုင်းသမား" ဟာ မထင်မှတ်ထားတဲ့ အရင်းနှီးဆုံးလူတစ်ယောက် ဖြစ်နေတဲ့အခါ ... ။
📚 ၂ အုပ်တွဲ