လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"လုရှောင်ဖုန့်" ဟာ သူငယ်ချင်းဖြစ်သူ "ပါစန်" သိုင်းအဖွဲ့သား "ယူစင်ဟုန်း" ပျောက်ဆုံးနေတဲ့အတွက် သူခရီးထွက်ခွာသွားခဲ့တဲ့ "ဝှမ်စစ်မြို" ကို လိုက်သွားခဲ့ရာမှာ "ယူစင်ဟုန်း" ရဲ့ အလောင်းသာတွေ့ရှိခဲ့ရပြီး တရားခံကို ဖော်ထုတ်ဖို့ တပူတပြင်း ကြိုးစားခဲ့ပါတယ်။
အလွန်ခေါင်ခိုက်ပြီး ဆင်းရဲလွန်းတဲ့ "ဝှမ်စစ်မြို" ကလေးမှာ သဲလွန်စ အဖြစ် "ပေါ်တူဂီဓါးတစ်ချောင်း"၊ "မြကျောက်လည်ဆွဲတစ်ခု" ကိုသာ "လုရှောင်ဖုန့်" ရှာတွေ့ခဲ့ပြီး "ချုံကျားဂိုဏ်း" က သူတောင်းစားလေး "ဝှမ်ရှောက်ထုံး"၊ ကုန်စုံဆိုင်ပိုင်ရှင် "ဝမ်တာယန်"၊ "ကုန်စုံဆိုင်ပိုင်ရှင်ရဲ့ ဇနီး "၊ အခေါင်းဆိုင်ရှင် "ကြောင်ဖိုးကျည့်"၊ မြေပိုင်ရှင်သူဌေး "စင်းတာဟု"၊ စောရ "ကျင်ဝူစူး"၊ နန်းကျ မိဖုရား "ကင်စောစော"၊ အိမ်ဖော် "စောဘွားဘွား"၊ ရံရွှေဖော် "ထင်းဝူ" စတဲ့ သံသယဖြစ်စရာ လူတွေအများအပြားကြားမှာ အဖြေရှာမရဖြစ်နေခဲ့ပါတယ်။
အဲဒီနောက် "လုရှောင်ဖုန့်" တစ်ယောက် "ဝှမ်စစ်မြို့" မှာ သေဆုံးသွားပြီဆိုတဲ့သတင်း သိုင်းလောကမှာ ပေါ်ထွက်လာခဲ့တဲ့အတွက် "လုရှောင်ဖုန့်" ရဲ့ ချစ်သူ "ယူလူထုံး" နဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ နတ်ဓါးရှင် "စီဘွန်စီကေ့" တို့ဟာ တရားခံကို စုံစမ်းဖော်ထုတ်ဖို "ဝှမ်စစ်မြို" ကို ရောက်ရှိလာခဲ့ကြပေမယ့် "လုရှောင်ဖုန့်" ရဲ့ ခေါင်းတလားကိုသာ တွေ့ခဲ့ရပြီးနောက် သူတို့ဟာလည်း လူသတ်သမားတွေရဲ့လက်ထဲ ကျရောက်သွားကြပြန်တဲ့အခါ ... ။
📚 ၄ အုပ်တွဲ