သိုင်းလောကရဲ့ အဓိပတိ ၄ ဦး အနက် ခေါင်းဆောင်ဖြစ်သူ တောင်ပိုင်းကျန်း "ကျန်းဖုန်းချင်း" ဟာ "ကျန်းမိသားစု" လက်နက်အရောင်းဆိုင်ပိုင်ရှင်အဖြစ် မြေးကလေးတွေဖြစ်တဲ့ "ကျန်းစန်ယွင်" နဲ့ "စွန်ပိုလန်" တိုကို သိုင်းပညာသင်ပေးရင်း နှစ်ပေါင်းများစွာ ဇာတ်မြှုပ်နေထိုင်ခဲ့ပေမယ့် တစ်ရက်မှာ "ပင့်ကူစိမ်း" အမှတ်အသား တစ်ခု "ကျန်းမိသားစု" ဆိုင်းဘုတ်ဘေးမှာ ရိုက်နှိပ်ထားတာ တွေ့လိုက်ရပြီးနောက် သိုင်းလောကထဲ ပြန်ဝင်ဖို ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောက က အနားယူထားတဲ့ ထိပ်သီးသိုင်းသမားကြီး ၁၀ ဦးဆီကို အမည်မသိသူတစ်ဦးပေးပိုလိုက်တဲ့ သိုင်းဘုရင် "ထင်းကျိ" နောက်ဆုံးနေထိုင်ခေါင်းချခဲ့ရာ ကျောက်လိုဏ်ဂူရဲ့ မြေပုံပါဝင်တဲ့ ဖိတ်စာတစ်စောင်စီ ရောက်ရှိလာခဲ့ပြီးနောက်မှာ "ထင်းကျိ" ရဲ့ ရတနာပစ္စည်း ၃ မျိုးဖြစ်တဲ့ "ရတနာဓါး"၊ "ကြာရိုးဆီ" နဲ့ "ပုလဲဝါ" ကို လိုချင်တဲ့ သိုင်းလောကသားတွေဟာ ခြေရာချင်းရှုပ်လာကြပါတယ်။
ဒါကြောင့် လောဘသားတွေကြား သွေးချောင်းစီးတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့ "ကျန်းဖုန်းကျင်း" နဲ့ မြေးနှစ်ယောက်ဟာလည်း အရှုပ်အထွေးတွေကြားမှာ တစ်စတစ်စ ပါဝင်လာခဲ့ရပြီး "စွန်ပိုလန်" က ကျောက်စိမ်းနတ်သမီး "လင်လူစွမ်း" ရဲ့ တူမ "လုံပိရိ" နဲ့ ရေစက်ဆုံခဲ့သလို "ကျန်းစန်ယွင်" ကလည်း "စုလုံအဖွားကြီး" ရဲ့ မြေး "တိန်ကျူးထိ" ရဲ့ ချစ်ကြိုက်မှုကို ရခဲ့ပါတယ်။
လောဘဇောတွေနဲ့ "ထင်းကျိ လိုဏ်ဂူ" ကိုရောက်လာကြတဲ့ သိုင်းလောကသားတွေဟာ အချင်းချင်းတိုက်ခိုက်ရန်ပြုကြရင်း မြေပုံ ဖိတ်စာပေးပို့သူဟာ အရှေ့ပင်လယ်က "ရွှေနာရီကျွန်း ဝင်္ကပါနန်းတော်သခင်ကြီး" ဖြစ်ပြီး သိုင်းလောကကို ရန်တိုက် ချုပ်ကိုင်လိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေမှန်း သိလိုက်ရပါတယ်။
ဒါပေမဲ့ ပြည်မသိုင်းလောကသားတွေထဲမှာ "ရွှေနာရီကျွန်း ဝင်္ကပါနန်းတော်သခင်ကြီး" ကို အံတုနိုင်သူမရှိသေးတာကြောင့် တောင်ပိုင်းကျန်း "ကျန်းဖုန်းချင်း" က "သိုင်းလောက အဓိပတိ ၄ ဦး" ပူးပေါင်းနိုင်ဖို့ ကြိုးစားနေချိန်မှာ "စွန်ပိုလန်" ဟာ သိုင်းဘုရင် "ထင်းကျိ" ရဲ့ ကျောက်လိုဏ်ဂူထဲပြုတ်ကျသွားခဲ့ရာက "ရတနာပစ္စည်း ၃ မျိုး" နဲ့ သိုင်းပညာကို ရရှိသွားခဲ့ပြီးနောက်မှာတော့ ... ။
📚 ၁၁ အုပ်တွဲ