"ပြည့်စုံရတနာရွာ" က သူဌေးကြီး "စိရောင်ချူ"တိုမိသားစုဟာ ရေကြီးမှုကြောင့် ထွက်ပြေးရင်း တစ်ယောက်တစ်နေရာစီ ကွဲကွာသွားကြသလို သူဌေး သားလေး "ထိုက်ချင်" ကိုလည်း လူယုတ်မာ "ပေါင်ယို" က မွေးစားဖို ခေါ်ယူသွားခဲ့ပါတယ်။
"ပေါင်ယို" နဲ့ ဇနီးဖြစ်သူ "ဝမ်ပု" တို့ဟာ "ထိုက်ချင်" ကို ကောင်းကောင်းမွန်မွန် မမွေးမြူဘဲ နှိပ်စက်ကြတဲ့အတွက် တိမ်ဆက်တောင် ဆရာတော် "စောင်းပိုက်" က မွေးစားပြီး သိုင်းပညာသင်ကြားပေးခဲ့ပါတယ်။
ရေကြီးမှုမှာ အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့ သူဌေးကြီး "စိရောင်ချူ" ကလည်း သားပျောက်ကို လိုက်ရှာခဲ့ပေမယ့် မတွေ့တဲ့အဆုံး ကလေးငယ် "စိအစ်ဖိန်း" ကို သားအဖြစ်မွေးစားခဲ့ပါတယ်။
ဒီလိုနဲ့ အရွယ်ရောက်လာချိန်မှာတော့ "ထိုက်ချင်" ဟာ မိဘရင်းတွေကိုရှာဖွေဖို့ သိုင်းလောကထဲဆင်းလာရင်း "အိုမေဂိုဏ်း" က ဒေါင်းပျံ "လီရှန်ရှန်" ရဲ့တပည့် "ရက်ချိန်းချိန်း"၊ "စိအစ်ဖိန်း"တိုနဲ့ သိကျွမ်းခင်မင်ခဲ့ပါတယ်။
"ရက်ချိန်းချိန်း" ရဲ့ဖခင် သူဌေးကြီး "ရက်လျှံတန်း" ဟာ "စိရောင်ချူ"ရဲ့ မိတ်ဆွေဖြစ်သလို "စိအစ်ဖိန်း" ဟာလည်း "စိရောင်ချူ" ရဲ့မွေးစားသားဖြစ်ပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် ဖွင့်မပြောဖြစ်ကြတာကြောင့် အဖြစ်မှန်ကို မသိကြပါဘူး။
ဒီလိုနဲ့ တစ်နေ့မှာ ဒေါင်းပျံ "လီရှန်ရှန်" နဲ့ တပည့် "ရက်ချိန်းချိန်း" တိုကို ရေနက်ချောက်ကမ်းပါး ထဲက "ဝမ်မြောင်သခင်မ" က ဖမ်းဆီးသွားတဲ့အတွက် "ထိုက်ချင်" က ကယ်တင်ဖို့ ကြိုးစားကြရင်း ...။
📚 ၂ အုပ်တွဲ