ရှောင်လင်ကျောင်းက အဆောင်မှူး "ဟုံးပေ့" ဟာ သိုင်းပညာထူးချွန်သလို စည်းမျဥ်းကန့်သတ်ချက်တွေကိုလည်း ဖောက်ထွက်သူဖြစ်တာကြောင့် ရှေးရိုးစွဲဆန်လွန်းတဲ့ ရှောင်လင်ကျောင်းနဲ့ အစေးမကပ်ဖြစ်လာတဲ့အတွက် တပည့်ဖြစ်သူ "ကျင်းပေါင်" ကို အပြင်လောကကို စေလွှတ်ပြီး ဆရာပေါင်းစုံထံက သိုင်းပညာပေါင်းစုံကို အစွမ်းရှိသမျှ သင်ယူဖို လမ်းညွှန်ခဲ့ပါတယ်။
ဒါပေမဲ့ တွေ့ရှိသမျှ သိုင်းဆရာတွေဟာ သိုင်းပညာမထူးချွန်ဘဲ သင်တန်းသားတွေဆီက အခကြေးငွေယူ သင်စားနေတာကိုသိလိုက်ရတဲ့နောက် စိတ်ပျက်သွားတဲ့ "ကျင်းပေါင်" ဟာ "လိန်ကျင်းမြို"က ပူတင်းသည်လေး "ချွန်ချန်း" နဲ့အတူ မိတ်ဆွေဖွဲနေထိုင်ရင်း အဲဒီမြိုက ကပ်စေးနှဲ သိုင်းဆရာ "စုမာကျင်း" ဆီမှာ တပည့်ခံခဲ့ရာက "စုမာကျင်း" ရဲ့သမီး "ချွေ့ချင်း" နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်။
သဘောထားပျော့ပျောင်းတဲ့ မွန်ဂိုမင်းသားလေးကလည်း "ချွေ့ချင်း" ကို ချစ်ကြိုက်နေတာကြောင့် ကပ်စေးနှဲသိုင်းဆရာ "စုမာကျင်း" ထံမှာ အခကြေးငွေပေးပြီး သိုင်းပညာသင်ယူခဲ့ပါတယ်။
ဒီလိုနဲ့ ကပ်စေးနှဲ သိုင်းဆရာ "စုမာကျင်း" ထံမှာ သိုင်းပညာ သင်ကြားနေစဥ် ရန်ငြှိးရှိခဲ့ဖူးတဲ့ အရှေ့ကျွန်းသား ၂ ဦးရဲ့ လက်ချက်နဲ့ "စုမာကျင်း" သေဆုံးခဲ့ပြီးနောက် "ကျင်းပေါင်" တစ်ယောက် "ရှောင်လင်ကျောင်း" ကိုပြန်သွားကာ သိုင်းပညာ ထပ်မံသင်ယူခဲ့ပါတယ်။
ပူတင်းသည် "ချွန်ချန်း" ကတော့ သူ့ရဲ့ချစ်သူ "ကျူးကျူး" နဲ့အတူ မွန်ဂိုတော်လှန်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမဲ့ နန်းတွင်းရေး အရှုပ်ထွေးတွေကြောင့် မင်းသားလေး မွန်ဂိုပြန်သွားခဲ့ရပြီးနောက်မှာတော့ သဘောထားတင်းမာသူ မွန်ဂိုစစ်သူကြီး "ယုချန်းကျီး" ရောက်ရှိလာခဲ့ပြီး ... ။
("တက္ကသိုလ်နေလင်းအောင်" ရဲ့ "ရှောင်လင်ဂုဏ်သိက္ခာ"၊ ၂ အုပ်တွဲ သိုင်းစာစဥ်ဟာ "တက္ကသိုလ်သီဟအောင်" ရဲ့ "မိစ္ဆာရိုင်းနှင့် ထိုက်ကျိသိုင်း"၊ ၆ အုပ်တွဲ သိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။
"မိစ္ဆာရိုင်းနှင့် ထိုက်ကျိသိုင်း" ကို ၁၉၉၈ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၂ အုပ်တွဲ