စာရေးဆရာကြီး "ကုလုံ" ရဲ့ "Unofficial History of the Wulin" ကို "တက္ကသိုလ်နေလင်းအောင်" က "ဖြေရာမဲ့သိုင်းရဲ့ကမ္ဘာ" လို့ အမည်ပေး ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။
ဉာဏ်ပညာထက်မြက်သလို သိုင်းပညာအဆင့်လည်း မြင့်မားလှပေမယ့် လျှို့ဝှက်နိုင်လွန်းတဲ့ "စင်လုံ"၊ ရိုးသားပြီး သံယောဇဥ်ကြီးတဲ့ မိန်းကလေး "ကြူးချစ်ချစ်"၊ သစ္စာရှိတဲ့ "ဝံကြောင်ကလေး"၊ ပရိယာယ်များတဲ့ "ဝမ်းလင်းဝါး"၊ ဉာဏ်ကောင်းတဲ့ "ရွှင်ပျော်ပျော်မြို့စားကြီး" တို့ရဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ ပညာခန်းပြိုင်ပွဲတွေပါဝင်တဲ့ စာစဥ်ရှည်တစ်ခုဖြစ်ပါတယ်။
ဒီဝတ္ထုကို ရိုက်ကူးထားတဲ့ တီဗီရုပ်သံဇာတ်လမ်းတွဲတွေဟာ ၁၉၇၇ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၁၉၈၆ ခုနှစ်နဲ့ ၂၀၀၁ ခုနှစ်တို့မှာ ထွက်ရှိခဲ့ပြီး "Wulin Waishi" လို့ လူသိများတဲ့ ၂၀၀၁ ခုနှစ်ထွက် "Mission of the Warriors" ရုပ်သံဇာတ်လမ်းတွဲကိုတော့ သိုင်းလောကသားတွေ သိရှိကြပါလိမ့်မယ်။
အဲဒီ "Mission of the Warriors" ရုပ်သံဇာတ်လမ်းတွဲမှာ "စင်လုံ" (Shen Lang) အဖြစ် "Huang Hai Bing"၊ "ကြူးချစ်ချစ်" (Zhu Qi Qi) အဖြစ် "Zhang Yan Yan"၊ "ဝမ်းလင်းဝါး" (Wang Lian Hua) အဖြစ် "Zhuo Fan"၊ ရွှင်ပျော်ပျော်မြို့စား "ချားယို့ကွမ်း" (Chai Yu Guan) အဖြစ် "Wang Jian Xin" တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
📚 ၁၀ အုပ်တွဲ