"ချန်အန်းနယ်စားကြီး" ဟာ ဘယ်က ဘယ်လို ရလာမှန်းတောင် အမှတ်မထားမိတဲ့ "ကြွေပန်းအိုး" တစ်လုံးကို ဧည့်ခန်းထဲက စင်တစ်ခုမှာ နှစ်ပေါင်းများစွာ ပစ်ထားခဲ့ပေမယ့် ရဲတိုက်ထဲကို သိုင်းလောကသားတွေ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်လာကြပြီးနောက်မှာတော့ ကြွေပန်းအိုးဟာ ထူးခြားချက်ရှိမှန်း ရိပ်မိလာခဲ့ပါတယ်။
ဒါကြောင့် စုံစမ်းကြည့်တဲ့အခါ "ရတနာသိုက်မြေပုံ"၊ "လျှိဝှက်သိုင်းကွက်"နဲ့ "ဒေါင်းစကြာလက်နက်ပုန်း" ကို သိုဝှက်ထားတဲ့ "ဓါးတစ်ရာကြွေပန်းချီ" ပန်းအိုးဖြစ်နေတာကို သိလိုက်ရတဲ့အတွက် "ရွှေစကြာသိုင်းသင်တန်းကျောင်း" သင်တန်းမှူး "ပေါင်ပေ့" ကို ကြွေပန်းအိုးကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့နဲ့ မြေပုံကို ဖော်ထုတ်ပေးဖို့ အကူအညီတောင်းခံခဲ့ရပါတယ်။
"ပေါင်ပေ့" ဟာ "ဓါးတစ်ရာကြွေပန်းချီ" ကို ထိန်းသိမ်းရင်း လာရောက်လုယူသူ သိုင်းလောကသားများစွာကို လူငယ်သိုင်းသမား "ရိပေ့ထင်း" ရဲ့ ကူညီပေးမှုနဲ့ အောင်အောင်မြင်မြင် ရင်ဆိုင်နိုင်ခဲ့ပေမယ့် သိုင်းလောကသားများစွာကို အဆိပ်နဲ့ကြိုးကိုင်ထိန်းချုပ်နေတဲ့ "ရွှေဓါးကျိထုံး" နဲ့ ရင်ဆိုင်ရချိန်မှာတော့ ... ။
📚 ၄ အုပ်တွဲ