ကာလကြာရှည် ဇာတ်မြှုပ်နေခဲ့တဲ့ သိုင်းလောက လူမိုက်ကြီး ရှစ်ယောက်ဟာ "သွေးသိုင်းကျမ်း" ရဲ့ သဲလွန်စကိုရပြီး သိုင်းလောကထဲ ပြန်လည်"ရှောင်လွေ" နဲ့ "ချမ်းချမ်း" တိုဟာ အလွန်ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ပေမယ့် အတိတ်က ရန်ငြိုးတစ်ခုကြောင့် ရှောင်လွေတို့ မိသားစု တစ်စုလုံး "ပိတုန်းသုံးကောင်"နဲ့ ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ "ရှောင်လွေ" က "ချမ်းချမ်း" စိတ်နာကျည်းအောင် ပြောဆို နှင်ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ "ရှောင်လွေ" ဟာ "ချမ်းချမ်း" ကို ကူညီ စောင့်ရှောက်ဖို မိတ်ဆွေဖြစ်သူ "ကျင်းချန်း" ကို အကူအညီတောင်းထားခဲ့ပြီး ဒါကို "ချမ်းချမ်း" က မသိခဲ့ဘဲ စိတ်နာကျည်းသွားခဲ့ပါတယ်။
တိုက်ပွဲမှာ "ပိတုန်းသုံးကောင်" ရဲ့ လက်ချက်ကြောင့် မိဘတွေ သေဆုံးသွားခဲ့ရသလို "လွေဂေဟာ" တစ်ခုလုံးလည်း ပျက်စီးသွားခဲ့ပေမယ့် "ရှောင်လွေ" ကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
တဖက်မှာတော့ မိတ်ဆွေဖြစ်သူ "ကျင်းချန်း" ဟာ "ရှောင်လွေ" ကို သစ္စာဖောက်ပြီး "ချမ်းချမ်း" ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့သလို စိတ်နာကျည်းနေတဲ့ "ချမ်းချမ်း" ကလည်း "ရှောင်လွေ" လက်စားချေဖို့အတွက် ကြိတ်ပြီး ကြံစည်နေတဲ့ အခါမှာတော့ ... ။
📚 လုံးချင်း