ဘုရင် "ကျက်ကျင်း" ဟာ ပြည်သူတွေ ချစ်ခင်လေးစားကြတဲ့ အမတ်ကြီး "ရီချန်း" ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အတွက် နန်းတွင်းအမှုထမ်းဟောင်းတွေနဲ့ သိုင်းလောကသား အများအပြားက ဘုရင်ကို မကျေနပ်ကြပါဘူး။
အမတ်ကြီး "ရီချန်း" ရဲ့ သမီး "ချန်ကျူး" ဟာ သိုင်းဆရာကြီး "ကျန်းတန်း" နဲ့ ဇနီး "ရွှင်လွေ" တို့ရဲ့ တပည့်ဖြစ်သလို သိုင်းလောကသားတွေနဲ့ ရင်းနှီးကျွမ်းဝင်သူလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တိုင်းပြည်ဟာ ကျူးကျော်သူပေါင်းစုံရဲ့ ရန်က ကာကွယ်နေရတဲ့အချိန်ဖြစ်တာကြောင့် ဘုရင်ဆိုးကို လက်စားချေမယ့် ကိုယ်ရေးကိုယ်တာကိစ္စကို "ချန်ကျူး" က လျစ်လျူရှုထားခဲ့ပါတယ်။
ဒါပေမဲ့ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲခေါင်းဆောင် "ရန်ကျုံး" နဲ့ စစ်သေနာပတိ "ထုန်စွန်း" တို့က အမတ်ကြီး "ရီချန်း" ကို လေးစားကြည်ညိုသူ မှန်သမျှကို လိုက်လံဖော်ထုတ် ဖမ်းဆီးနေတဲ့အတွက် "ချန်ကျူး" ကလည်း တတ်နိုင်သမျှ ဝင်ရောက်ဖြေရှင်းပေးနေရပါတယ်။
မျိုးချစ်တပ်ဖွဲ ခေါင်းဆောင် "ရက်ကျုန်လို" ရဲ့ တူဖြစ်သူ "ချန်လင်း"၊ စစ်သေနာပတိချုပ်ဟောင်း "ကျန်းဖုန်း" ရဲ့ သား "ကျားလေး"၊ ထိုင်ဝမ်နယ်က အရာရှိကြီး ထယ်ရှန်ရဲ့သား "ကျင်စင်း" စတဲ့ လူငယ်လေးတွေဟာလည်း "ချန်ကျူး" ကို ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ "ချန်ကျူး" ဟာ မျိုးချစ်တပ်ဖွဲ ခေါင်းဆောင် "ရက်ကျုန်လို" ရဲ့ တပ်တွေနဲ့အတူ ဘုရင့်တပ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် မျိုးချစ်အဖွဲ့ထဲမှာလည်း အာဏာလုပွဲတွေ၊ အကွဲအပြဲတွေ ပေါ်ပေါက်လာတဲ့အခါ ...။
📚၄ အုပ်တွဲ