လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နှင်းဓါးဗေဒါ "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"ချန်အန်း" မြိုငယ်လေးက "လေညှင်းဂေဟာ" အမည်ရှိ စားသောက်ဆိုင်မှာ နာမည်ကျော်သိုင်းသမား ၁၀ ဦးဟာ လက်၊ နှာခေါင်း၊ နားရွက်၊ ခြေထောက် စတဲ့ သူတိုရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို အရက်ဖိုးအဖြစ် ပေးချေသွားတဲ့သတင်းဟာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ သိုင်းလောကရဲ့ ထိပ်တန်း ဓါးပညာရှင် ၃ ယောက်ထဲက နှစ်ယောက်ဖြစ်တဲ့ "လုံဆင်ပိ" နဲ့ သမားတော်တောင်ကြားသခင် "စူးချောင်ရှီး" တို့ဟာ ကြေးစားလူသတ်သမား "စီးမာရှဲ" နဲ့အတူ သိုင်းလောက မဟာမိတ်အဖွဲခေါင်းဆောင် တိမ်မီးတောက် နတ်ဘုရင် "တုန်းဖန်းဝူယု" ရဲ့ "တိမ်မီးတောက် အမိန့်ပေး ကျောက်စိမ်းပြား" ကို လက်ခံရရှိခဲ့ပါတယ်။
"အမိန့်ပေး ကျောက်စိမ်းပြား" နဲ့အတူ ပေးအပ်လာတဲ့ တာဝန်ကတော့ ကရုဏာမဲ့ နတ်ဘုရင် "စီးမင်ဖျောက်" ကို သတ်ဖြတ်ပေးဖို့ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ သိုင်းလောကရဲ့ ထိပ်တန်း ဓါးပညာရှင် ၃ ယောက်ထဲက တတိယတစ်ယောက်ဖြစ်တဲ့ ဦးခေါင်းသူခိုး "ဝေခုန်းခုန်း" ဟာလည်း သူ့ရဲ့ချစ်သူ ပုလဲတောင်ကုန်းသခင်မလေး "ရှဲစီးယို" ကို ဖမ်းဆီးပြီး "လုံဆင်ပိ" နဲ့ "စူးချောင်ရှီး" တို့ကို သတ်ဖြတ်ပေးဖို့ အကျပ်ကိုင် ခိုင်းစေခံခဲ့ရပြန်ပါတယ်။
"ဝေခုန်းခုန်း" ကို အကျပ်ကိုင် ခိုင်းစေသူကတော့ မိစ္ဆာတစ်ထောင် မဟာမိတ်ဂိုဏ်းချုပ် ကရုဏာမဲ့ နတ်ဘုရင် "စီးမင်ဖျောက်" ဖြစ်နေပြီး သိုင်းလောကရဲ့ ထိပ်တန်း ဓါးပညာရှင် လူငယ် ၃ ယောက်နဲ့ "မိစ္ဆာတစ်ထောင် မဟာမိတ်ဂိုဏ်း" တို့ ရင်ဆိုင်ကြတဲ့အခါ ... ။
📚 လုံးချင်း