"ယန်စီမြစ်" မြောက်ပိုင်းမှာ သြဇာအာဏာကြီးလှတဲ့ "သွမ့်ပါ့ဖမ်း" တစ်ယောက် ဓါးပျံတစ်လက်ကြောင့် သေဆုံးသွားခဲ့ရပြီးနောက် နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ "ဓားပျံ ရှောင်လီ" ရဲ့သတင်းဟာ သိုင်းလောကမှာ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ "ဓါးပျံရှောင်လီ" ရဲ့ မျိုးဆက် "လီဟွေး" ကိုယ်တိုင် ရန်သူ့ ဓါးပျံတစ်လက် နှလုံးသားနေရာကို စိုက်ဝင်ခံခဲ့ရပြီး သူ့ရဲ့နှလုံးဟာ ပုံမှန်နေရာမှာမရှိဘဲ ညာဘက်ရင်ဘတ်ကိုရောက်နေတဲ့ လျှိဝှက်ချက်ကြောင့်သာ အသက် ဆက်ရှင်သန်ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက "ဓါးပျံရှောင်လီ" (လီဆွန်းဟွာ) နဲ့ ကြေးပြားဂိုဏ်းချုပ် "စန့်ကွမ်းကျင်းဟုန်" တိုရဲ့သမိုင်းဝင်တိုက်ပွဲဟာ သူတိုနှစ်ဦးရဲ့အပေါ်မှာသာမက သူတိုနှစ်ဦးရဲ့ မျိုးဆက်တွေအထိပါ ရိုက်ခတ်ခဲ့ပါတယ်။
ဒါကြောင့် "လီဆွန်းဟွာ" ရဲ့သား "လီမန်ချင်း" နဲ့ "စန့်ကွမ်းကျင်းဟုန်" ရဲ့သမီး "စန့်ကွမ်း" တိုရဲ့မေတ္တာရေးဟာလည်း မတည်မြဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး "စန့်ကွမ်း" နဲ့ "လီဟွေး" တို သားအမိဟာ "လီမိသားစုစံအိမ်" ရဲ့ အဝေးမှာပဲ နေထိုင်ကြီးပြင်းခဲ့ရပါတယ်။
"လီမန်ချင်း" ဟာ ဘဝတစ်လျောက် နောင်တရစေမယ့် အမှားအယွင်းတစ်ခု ကျူးလွန်ခဲ့ပြီး အဲဒါကတော့ ဒဏ်ရာရနေတဲ့ ဓါးတစ်ချက်နှင်းခွဲ "စွေးကျင်ပိ" ကို ယှဥ်ပြိုင်တိုက်ခိုက် အနိုင်ယူခဲ့တာပါပဲ။
အဲဒီပြိုင်ပွဲဟာ သူ့အတွက် ဂုဏ်ယူစရာမဖြစ်ခဲ့ဘဲ အမြဲနောင်တရနေခဲ့ရပြီး နောင်နှစ်ပေါင်း ၂၀ ကျော်အကြာမှာတော့ "စွေးကျင်ပိ" ရဲ့သမီး လနတ်သမီး "စွေး" ရဲ့ စိန်ခေါ်မှုကို မလွဲမရှောင်သာ လက်ခံရပါတော့တယ်။
"လီမန်ချင်း" ရဲ့သားကြီးဖြစ်သူ ပထမသခင်လေး "လီကျန်း ဟာ စိန်ခေါ်ပွဲကို လက်ခံယှဥ်ပြိုင်ဖို အခြေအနေမရှိတာကြောင့် "လီမိသားစု" ရဲ့ တာဝန်ဟာ လမ်းပေါ်လေလွင့်သွားလာနေတဲ့ ဒုတိယသခင်လေး "လီဟွေး" အပေါ် ကျရောက်လာခဲ့ပါတယ်။
အဲဒီအချိန်မှာ ဘုရင့်ဘဏ္ဍာတိုက်က ငွေဒင်္ဂါး ၁၇ သိန်း တိတိ ပျောက်ဆုံးသွားတဲ့အတွက် ထောက်လှမ်းရေးမှူးချုပ် "ဟန်ကျွန်း" က တရားခံကို လိုက်လံစုံစမ်း ရှာဖွေနေခဲ့ပြီး စိတ်ထင်သလို သုံးဖြုန်းနေသူ "လီဟွေး" က သံသယဖြစ်ဖွယ်အကောင်းဆုံးလူတစ်ယောက် ဖြစ်လာတဲ့အခါ ...။
📚 လုံးချင်း