သိုင်းလောကသားတွေအနေနဲ့ တချိန်က စွဲစွဲမက်မက် ဖတ်ရှုခဲ့ဖူးတဲ့ သိုင်းစာစဥ်ဟောင်းလေးတွေကို ပြန်လည်ဖတ်ရှုချင်စိတ်ဖြစ်မိပေမယ့် နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ဖတ်ခဲ့ဖူးတဲ့ စာအုပ်အမည်၊ စာရေးဆရာအမည်တွေကို မေ့လျော့နေတတ်ပြီး ဇာတ်လမ်း၊ ဇာတ်ကွက် တချို့တလေလောက်ကိုပဲ သတိရနေတတ်တာ ကြုံဖူးကြမှာပါ။
ဒါကြောင့် ငယ်စဥ်တချိန်က ဖတ်ခဲ့ဖူးတဲ့ သိုင်းစာစဥ်ဟောင်းလေးတွေကို အနီးစပ်ဆုံး မှတ်မိသမျှ အမည်လေးတွေနဲ့ ပြန်လည် ရှာဖွေ ဖတ်ရှုနိုင်စေဖို့ အမည်တူရာလေးတွေကို သိုင်းလောက Page က စုစည်းဖော်ပြပေးသွားပါ့မယ်။
ဒီ Post မှာတော့ ရှောင်လင် နဲ့ ပတ်သက်တဲ့ သိုင်းစာစဥ်တွေကို တွေ့ရှိရသမျှ စုစည်းပေးထားတာဖြစ်ပါတယ်။