စာအုပ် - ရုပ်ရှင် တူတွဲယှဥ်ကဏ္ဍမှာ အခုဖော်ပြပေးမယ့် သိုင်းစာစဥ်ကတော့ "ဝဏ္ဏအောင်" ဘာသာပြန်ဆိုထားတဲ့ "ခြင်္သေ့ဟိန်းသံ" ဖြစ်ပါတယ်။
ဒီ "ခြင်္သေ့ဟိန်းသံ" ဝတ္ထုဟာ နာမည်ကျော် ဟာသမင်းသား "Stephen Chow" ရဲ့ လူကြိုက်များလှတဲ့ ၂၀၀၄ ခုနှစ်ထွက် "Kung Fu Hustle" ရုပ်ရှင်နဲ့ ဇာတ်လမ်းကျောရိုး အတော်များများ တူညီနေပြီး အချိန်ကာလ၊ နေရာဒေသနဲ့ ဇာတ်လမ်းဇာတ်ကွက်တချို့ပဲ ကွဲပြားပါတယ်။
"Stephen Chow" ဟာ ဒီဇာတ်ကားကို သူ့ရဲ့ ထုံးစံအတိုင်း Comedy Movie အဖြစ် ဖန်တီးထားခဲ့ပြီး ဇာတ်ကွက်ရဲ့ အစိတ်အပိုင်းအတော်များများကို ၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဝူရှ ရုပ်ရှင်စီးရီး "Palm of Ru Lai" (Buddhist Palm Style) ပါ ဇာတ်ကွက်တွေကို ကိုးကားထားခဲ့သလို "Louis Cha" (ကျင်းယုံ) ရဲ့ ဇာတ်ကောင်တွေ အပါအဝင် ဇာတ်ကားပေါင်းများစွာက Dialogue တွေကိုလည်း ထည့်သွင်း ပေါင်းစပ် ဖန်တီးထားခဲ့ပါတယ်။
📚 စာအုပ်ဖတ်ရန် 📚
📖 ခြင်္သေ့ဟိန်းသံ (ဝဏ္ဏအောင်)
📺 ရုပ်ရှင်ကြည့်ရန် 📺
▪️Kung Fu Hustle (2004)
#စာအုပ်ရုပ်ရှင်တူတွဲယှဥ်