စာအုပ် - ရုပ်ရှင် တူတွဲယှဥ်ကဏ္ဍမှာ အခုဖော်ပြပေးမယ့် သိုင်းစာစဥ်ကတော့ Anime & History က တင်ဆက်ထားတဲ့ "သုံးပြည်ထောင်ခေတ် ဇာတ်လမ်းများ" ဖြစ်ပါတယ်။
ဒီစာစဥ်ဟာ "မင်" မင်းဆက်ခေတ်က ရေးသားခဲ့တဲ့ "လျှိကွမ်းကျုံး" (Luo Guanzhong)ရဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပြီး အကျော်ကြားဆုံး တရုတ်ဂန္ထဝင်ဝတ္တုကြီး ၄ ပုဒ် ဖြစ်တဲ့ "အနောက်ဘက်သို့ ခရီးသွား မှတ်တမ်း"၊ "စိမ့်တောမြေမှ ဇာတ်လမ်း (သို့) စိမ့်တောမြေမှ ဝရမ်းပြေးများ" နဲ့ "ခန်းဆောင်နီအိပ်မက်" တို့အထဲက တစ်ပုဒ် ဖြစ်ပါတယ်။
သုံးပြည်ထောင်ခေတ်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ လောက်ရှိပေမယ့် လူသိအများဆုံးကတော့ ၂၀၀၈ ခုနှစ်ထွက် Red Cliff ရုပ်ရှင်ကားနဲ့ ၂၀၁၀ ပြည့်နှစ်ထွက် Three Kingdoms ရုပ်သံဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
"Red Cliff" ရုပ်ရှင်ကားက သုံးပြည်ထောင်ခေတ် တိုက်ပွဲတွေများစွာအထဲက "ကမ်းပါးနီတိုက်ပွဲ" အကြောင်းကို အဓိကအသားပေး ရိုက်ကူးထားတာဖြစ်ပြီး "Three Kingdoms" ရုပ်သံဇာတ်လမ်းတွဲ ကတော့ "ဝေ" နိုင်ငံ ခေါင်းဆောင် "ချောင်ချောင်"၊ "ရှု" နိုင်ငံခေါင်းဆောင် "လျှိပေ့"၊ "ဝူ" နိုင်ငံခေါင်းဆောင် "ဆန်ကွမ်း" တို့အပါအဝင် သမိုင်းကြောင်းတစ်ခုလုံးကို အသေးစိတ် ရိုက်ကူးထားတာဖြစ်ပါတယ်။
📚 စာအုပ်ဖတ်ရန် 📚
📖 သုံးပြည်ထောင်ခေတ် ဇာတ်လမ်းများ (Anime & History)
📺 ရုပ်ရှင်ကြည့်ရန် 📺
▪️Three Kingdoms (2010)
▪️ Red Cliff (2008)
#စာအုပ်ရုပ်ရှင်တူတွဲယှဥ်