လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က နန်းတွင်းပညာရှိအဖိုးအိုတစ်ဦးဟာ အငြိမ်းစားယူပြီးနောက် တပည့်နှစ်ဦးဖြစ်တဲ့ "လီပိုရီ"၊ "ကုန်းစုဟန်" တို့နဲ့အတူ "ထိုက်စန်းတောင်" မှာ နေထိုင်ခဲ့ပါတယ်။
ပညာရှိအဖိုးအို ကွယ်လွန်ပြီးနောက် မိုးအောက်မြေပြင်သိုင်းသခင် "လီပိုရီ" က "ထိုက်စန်းတောင်" မှာပဲ အခြေချ နေထိုက်ခဲ့ပေမယ့် ရှစ်မျက်နှာပြိုင်ဘက်ကင်း "ကုန်းစုဟန်" ကတော့ သိုင်းလောကထဲ ဆင်းသွားခဲ့ပြီး အပေါင်းအသင်းမှားကာ လမ်းလွဲသိုင်းသမား ဖြစ်သွားခဲ့ပါတယ်။
"ကုန်းစုဟန်" ကွယ်လွန်သွားတဲ့အခါ သူ့ရဲ့ တပည့် ၃ ဦး ဖြစ်တဲ့ "လေလွင့်သရဲသုံးကောင်" က "ထိုက်စန်းတောင်" ကို လာရောက်ရန်ရှာခဲ့တာကြောင့် "လီပိုရီ" ရဲ့တပည့်၊ လက်ရှိဂိုဏ်းချုပ် "လီကျောင်းဖန်" က သူတို့ကို တိုက်ခိုက်အနိုင်ယူပြီး လိုဏ်ဂူတစ်ခုမှာ ချုပ်နှောင်ထားခဲ့ပါတယ်။
"မင်ရှားဂိုဏ်း" ရဲ့ ၅ ဆက်မြောက် ဂိုဏ်းချုပ် "မိန်ဖော့ထင်" ဟာ ဂိုဏ်းစည်းကမ်းကို သွေဖယ်ပြီး မကောင်းမှုတွေ ကျူးလွန်ခဲ့တာကြောင့် ၆ ဆက်မြောက် ဂိုဏ်းချုပ် "လော်ချန်းချင်" က ဖြုတ်ချဖယ်ရှားကာ နောက်ပိုင်းမှာ "မိန်ဖော့ထင်" ရဲ့ တူဖြစ်သူ "မိန်ထျန်း" ကို ၇ ဆက်မြောက်ဂိုဏ်းချုပ်အဖြစ် လွှဲပြောင်းပေးခဲ့ပါတယ်။
"မိန်ဖော့ထင်" ရဲ့သားဖြစ်သူ "မိန်ကျင့်ရှောင်" ကတော့ ဖခင်ဖြစ်သူ အသတ်ခံရမှုအတွက် "မင်ရှားဂိုဏ်း" ကို ရန်ငြိုးထားခဲ့ပြီး "အထွဋ်အမြတ်ဂိုဏ်း" ကို လျှို့ဝှက်ထူထောင်ကာ "မင်ရှားဂိုဏ်း" ကို သိမ်းပိုက်နိုင်ရေးနဲ့ သိုင်းလောကကို စိုးမိုးနိုင်ရေး အနှစ် ၂၀ လောက် ကြိုးစားပြင်ဆင်နေခဲ့ပါတယ်။
မင်ရှားဂိုဏ်းချုပ် "မိန်ထျန်း" တစ်ယောက် သားလေး "မိန်ချန်စု" ကို မွေးဖွားပြီး သိပ်မကြာခင်ရက်ပိုင်းမှာပဲ "အထွဋ်အမြတ်ဂိုဏ်း" က လာရောက်တိုက်ခိုက်မယ့်သတင်း ရခဲ့တာကြောင့် "မိန်ချန်စု" လေးကို လူယုံတော် "ကျင်းတောက်လျံ" ထံအပ်နှံပြီး ထွက်ပြေးစေခဲ့ပါတယ်။
ဒီလိုနဲ့ ကလေးငယ်လေး "မိန်ချန်စု" တစ်ယောက် သိုင်းလောကထဲ လှည့်လည် ခြေရာဖျောက်နေတဲ့ "ကျင်းတောက်လျံ" ရဲ့ လက်ကတဆင့် "ထိုက်စန်းတောင်" မှာ အန္တရာယ်ကင်းစွာ မထင်မရှား ကြီးပြင်းလာခဲ့ရသလို အချုပ်ကျနေတဲ့ "လေလွင့်သရဲသုံးကောင်" ထံ ထမင်းပို့သွားရင်းက တပည့်အဖြစ်သတ်မှတ်ခံရပြီး အဆင့်မြင့်သိုင်းပညာတွေ သင်ကြား တတ်မြောက်လာတဲ့အခါ ... ။
📚 လုံးချင်း