နတ်ဆေးဆရာ "လုံကျင်းဟုန်" နဲ့ အဆိပ်ဒေဝီ "ရွှယ်လီလီ" တို့ရဲ့ မြေးဖြစ်သူ "လုံစန်းဖုန်း" ဟာ စိတ်ထဲရှိရာကို ဟောဟောဒိုင်းဒိုင်း တွေးတောကြံစည် လုပ်ကိုင်တတ်တဲ့ လူငယ်လေးတစ်ဦးဖြစ်ပါတယ်။
အဖိုးဖြစ်သူ "လုံကျင်းဟုန်" ရဲ့ ဖြောင့်မတ်တည်ကြည်မှုနဲ့ ဆေးပညာအစွမ်းတွေကို လက်ဆင့်ကမ်း အမွေရထားသလို အဖွားဖြစ်သူ "ရွှယ်လီလီ" ရဲ့ ကူလီကူမာဉာဏ်တွေနဲ့ အဆိပ်ပညာတွေကိုလည်း အမွေဆက်ခံထားသူ ဖြစ်ပါတယ်။
ဒါကြောင့် "လုံစန်းဖုန်း" ဟာ အဖိုးဖြစ်သူရဲ့ အဖိုးတန်ဆေးတွေကို ခိုးယူပြီး သိုင်းလောကထဲ အပျော်ထွက်လာချိန်မှာ နှစ် ၁၀၀၀ လောက်က ပျောက်ဆုံးနေတဲ့ "ရွှေပေလွှာနတ်သိုင်း"၊ "ချီလန်းဟူ အတွင်းအားစုပ်သိုင်း" နဲ့ စံအိမ် ၄ ခု အရှုပ်တော်ပုံထဲမှာ ပါဝင်ပတ်သက်လာခဲ့ရပါတယ်။
ဒီလိုနဲ့ ကလိမ်ကကျစ်ဉာဏ်များတဲ့ လူရှုပ်ကလေးဟာ စံအိမ် ၄ ခု ခွဲဝေထိန်းသိမ်းထားတဲ့ "ရွှေပေလွှာနတ်သိုင်း"၊ အတွင်းအားကို စုပ်ယူနိုင်တဲ့ "ချီလန်းဟူ" သိုင်းပညာတို့ကို အကြံအဖန် တတ်မြောက်လာခဲ့ပြီး သိုင်းလောက နတ်မိမယ် ၃ ပါးဖြစ်တဲ့ "ရှလင်စူး"၊ "ဖျယ်ချယ်စိန်း"၊ "လင်းရီဖုန်း" တို့ကိုပါ ရယူဖို ကြံစည်လာတဲ့အခါ ... ။
📚 လုံးချင်း